AD
AD
AD

ဗြိတိန်နိုင်ငံ နေရာဒေသအများအပြားမှာ အန္တရာယ်ရှိတဲ့ လေအေးများတိုက်ခတ်ပြီး တစ်ပေအထိထူတဲ့ ဆီးနှင်းများကျဆင်းကာ ရာသီဥတုဆိုးရွားနေကြောင်း သိရပါတယ်။

play


အင်္ဂလန် အနောက်တောင်ပိုင်းမှာ အသက်အန္တရာယ်ရှိတဲ့ ရာသီဥတုသတိပေးချက် ထုတ်ပြန်ထားကြောင်းနဲ့ ထိုဒေသတွေမှာ နှင်းများထူထပ်စွာကျပြီး တစ်နာရီလျှင် မိုင် ၅၀ အထိ ပြင်းထန်တဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် သစ်ပင်များလဲပြိုကာ လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက်မှုတွေ ဖြစ်ခဲ့ပါတယ်။

play


စကော့တလန်မှာ တစ်ပေကျော်အထိ ဆီးနှင်းများထူထပ်စွာ ကျရောက်ခဲ့ပြီး မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ နှင်းများထူထပ်စွာ ဖုံးလွှမ်းနေကြောင်း သိရပါတယ်။ အင်္ဂလန်တစ်ဝှမ်း နေရာဒေသ အများစုမှာ နှင်းထူထပ်စွာကျရောက်မှုနဲ့ ရေခဲနေမှုကြောင့် မိုးလေဝသဆိုင်ရာ သတိပေးချက်ကို အဝါရောင်အဆင့် ထုတ်ပြန်ထားပါတယ်။

play


နှင်းများထူထပ်စွာ ကျရောက်မှုနဲ့ လမ်းမများပေါ်မှာ ရေခဲနေမှုကြောင့် ကားမောင်းနှင်ရာမှာ အခက်တွေ့နိုင်ကြောင်း သတိပေးထားပါတယ်။ အစွန်အဖျား ဒေသတွေဖြစ်တဲ့ Devon နဲ့ Cornwall တို့မှာ နှင်းကျမှု၊ ရေခဲနေမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

play


ရာသီဥတုဆိုးရွားနေမှုကြောင့် လန်ဒန်မြို့ရှိ ဟီးသရိုးလေဆိပ်မှာ ယနေ့ (မတ်လ ၁၈ ရက်) မနက်ပိုင်း လေကြောင်းခရီးစဉ် ၁၄၆ ခုကို ဖျက်သိမ်းခဲ့ရပြီး ထောင်နဲ့ချီတဲ့ ခရီးသည်တွေ သောင်တင်ခဲ့ကြောင်း သိရပါတယ်။ Edlington မြို့အနီး A158 လမ်းမပေါ်မှာ ဆီးနှင်းများထူထပ်စွာကျထားမှုကြောင့် မော်တော်ယာဉ် ၃၅ စီးအထိ သောင်တင်ပိတ်မိနေခဲ့ကြောင်း Lincolnshire ရဲတပ်ဖွဲ့ရဲ့ ပြောကြားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD