AD
AD
AD

သြစတြေးလျနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လေ့ရှိတဲ့ နေရာတစ်ခုမှာ သားပိုက်ကောင်တွေက တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် သားပိုက်ကောင်တွေကို အစားအစာမကျွေးကြရန် ခရီးသည်များအား သတိပေးချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

play


သားပိုက်ကောင်တွေကို သြစတြေးလျမှာ နိုင်ငံရဲ့ပြယုဂ်အဖြစ် သတ်မှတ်ထားကြပြီး ကမ္ဘာလှည့်ခရီးသည်တွေက စိတ်ဝင်တစား လာရောက်ကြည့်ရှုကြလေ့ရှိပါတယ်။ New South Wales ပြည်နယ် Moriseet မြို့ရှိ ဆေးရုံတစ်ရုံရဲ့ မြင်ခင်းပြင်ကျယ်မှာ အပတ်စဉ် သားပိုက်ကောင်လာရောက်ကြည့်ရှုသူ ၃,၀၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

ခရီးသည်တွေက ယခင်ကတည်းက သတိပေးထားမှုကို လစ်လျူရှုကာ သားပိုက်ကောင်တွေကို မုန်လာဥနီများ ကျွေးကြရာက သားပိုက်ကောင်တွေဟာ မုန်လာဥနီကို အကြိုက်တွေ့နေကြပြီး ၎င်းတို့ ဆာလောင်နေချိန်မှာ လူတွေကို တိုက်ခိုက်မှုတွေရှိလာခဲ့ပါတယ်။

play


မုန်လာဥနီ ကိုင်ထားတဲ့ လူတွေကိုတွေ့ပါက ဆာလောင်နေတဲ့ သားပိုက်ကောင်တွေက တိုက်ခိုက်လုယူမှုတွေ ဖြစ်ပွားလာခဲ့ပါတယ်။ ခရီးသည်တွေက သားပိုက်ကောင်ကို မုန်လာဥနီကျွေးနေစဉ် ဓာတ်ပုံအရိုက်ခံခြင်းနဲ့ ဆယ်လ်ဖီရိုက်ခြင်းတို့ ပြုလုပ်ကြပါတယ်။

ပုံမှန်အားဖြင့် လူတွေနဲ့ ယဉ်ပါးနေတဲ့ သားပိုက်ကောင်တွေဟာ မုန်လာဥနီစားချင်စိတ်ကြောင့် လူတွေကို တိုက်ခိုက်မှုတွေ ဖြစ်ပွားလာခဲ့တယ်လို့ ဆိုပါတယ်။ သားပိုက်ကောင်တွေက မုန်လာဥနီ လက်မှာကိုင်ထားသူတွေကို ကန်ကျောက်ခြင်း၊ ကုတ်ခြစ်ခြင်းတို့ဖြင့် တိုက်ခိုက်လုယက်ကြပါတယ်။

play


သားပိုက်ကောင်တိုက်ခိုက်ခံရမှုကြောင့် လက်မောင်းမှာ ကုတ်ခြတ်ဒဏ်ရာနဲ့ ဝမ်းဗိုက်နေရာမှာ ဒဏ်ရာရရှိထားတဲ့ ဓာတ်ပုံတွေကိုလည်း ဆိုရှယ်မီဒီယာမှာ တွေ့ရပါတယ်။ တာဝန်ရှိသူတွေက သားပိုက်ကောင်ကြည့်ရှုသူတွေကို မုန်လာဥနီ အပါအဝင် အခြား ပြင်ဆင်ထားတဲ့ အသင့်စား အစားအစာတွေလည်း မကျွေးကြရန် သတိပေးထားပါတယ်။

play


သားပိုက်ကောင်ကြည့်ရန် Morisset ကို လာရောက်ကြသူ အများစုက မုန်လာဥနီတွေ ယူဆောင်လာလေ့ရှိတယ်လို့ ဆိုပါတယ်။ လူတွေအတွက် ကျန်းမာရေးကောင်းကျိုးပြု အစားအစာဖြစ်ပေမဲ့ သားပိုက်ကောင်တွေအတွက် သင့်တော်တဲ့ အစားအစာ မဟုတ်ကြောင်းလည်း တာဝန်ရှိသူတွေက ရှင်းပြပါတယ်။ မုန်လာဥနီမှာ သကြားဓာတ်ပါဝင်မှု များပြားတာကြောင့် တိရိစ္ဆာန်တွေမှာ အသက်အန္တရာယ်ရှိတဲ့ ရောဂါများဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

play


သြစတြေးလျမှာ သားပိုက်ကောင်အရေအတွက်ဟာလည်း ပုံမှန်တိုးပွားလာနေပါတယ်။ အစိုးရရဲ့ စာရင်းတွေအရ သြစတြေးလျမှာ ၂၀၁၆ ခုနှစ်အတွင်း သားပိုက်ကောင် အရေအတွက် ၄၅ သန်းအထိ ရှိလာခဲ့ပြီး နိုင်ငံလူဦးရေရဲ့ နှစ်ဆနီးပါး ဖြစ်ကြောင်းလည်း သိရပါတယ်။ ၂၀၁၀ ခုနှစ်က သြစတြေးလျမှာ သားပိုက်ကောင် အရေအတွက် ၂၇ သန်းရှိခဲ့ရာက ယခုအခါ သိသာစွာ တိုးပွားများပြားလာခဲ့တာလည်း ဖြစ်ပါတယ်။

မြေယာပိုင်ဆိုင်သူတွေနဲ့ ဂေဟဗေဒဆိုင်ရာ ကျွမ်းကျင်သူတွေက သားပိုက်ကောင်များ တိုးပွားများပြားလာမှုကို ထိန်းချုပ်နိုင်ခြင်းမရှိ ဖြစ်လာကြောင်း သတိပေးခဲ့ပြီး သားပိုက်ကောင်သား ပိုမိုစားကြရန် တိုက်တွန်းမှုတွေလည်း ရှိခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD