AD
AD
AD

တရုတ်နိုင်ငံရဲ့ Tiangong-1 အာကာသစခန်းဟာ ကမ္ဘာ့လေထုထဲကို ပြန်လည်ဝင်ရောက်လာပြီးနောက် တောင်ပစိဖိတ်သမုဒ္ဒရာ ကောင်းကင်ယံမှာ ယနေ့ (ဧပြီ ၂ ရက်) မီးလောင်ပျက်ကျလာခဲ့ကြောင်း တရုတ်နဲ့ အမေရိကန် အာကာသအဖွဲ့အစည်းတွေက ပြောပါတယ်။

play
Tiangong-1 ကို ရေဒါမှာတွေ့ရစဉ်


အထိန်းအချုပ်မဲ့ ပျက်ကျလာတဲ့ တရုတ်အာကာသစခန်း အစိတ်အပိုင်းတွေဟာ ကမ္ဘာ့လေထုအတွင်းကို ယနေ့မနက်အစောပိုင်းမှာ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း တရုတ်နိုင်ငံရဲ့ Manned Space Engineering Office က သတင်းထုတ်ပြန်ပါတယ်။

Tiangong-1 ဟာ တရုတ်နိုင်ငံက ပထမဆုံး ရှေ့ပြေးပုံစံ အာကာသစခန်းဖြစ်ပြီး ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှာ ကမ္ဘာမြေပြင်ကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

play
Tiangong-1 ကို အာကာသအတွင်း မလွှတ်တင်မီ ပြင်ဆင်နေစဉ်


တရုတ်အစိုးရက Tiangong-1 ကို ၂၀၂၂ ခုနှစ်မှာ အာကာသယာဉ်မှူးတွေ အခြေချနေထိုင်နိုင်တဲ့ အာကာသစခန်းအဖြစ် တည်ဆောက်သွားရန် ရည်ရွယ်ထားခဲ့ပါတယ်။ သို့သော် ၂၀၁၂ ခုနှစ်မှာ မြေပြင်ထိန်းချုပ်စခန်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီးနောက် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။

၃၄ ပေရှည်ပြီး အလေးချိန် ၈ တန်ကျော်ရှိတဲ့ တရုတ်နိုင်ငံရဲ့ အာကာသစခန်း Tiangong-1 ဟာ သီတင်းပတ်ကုန်ရက်များ (မတ်လ ၃၁ ရက်၊ ဧပြီ ၁ ရက်) အတွင်း ကမ္ဘာမြေပြင်သို့ ပျက်ကျလာမယ့်လို့ အစောပိုင်းမှာ ခန့်မှန်ထားခဲ့ပေမဲ့ အတန်ငယ်နောက်ကျပြီး ယနေ့မှာ ကမ္ဘာလေထုအတွင်း ပြန်လည်ဝင်ရောက်ကာ ပျက်ကျလာခဲ့တာလည်း ဖြစ်ပါတယ်။

play
Tiangong-1 အာကာသစခန်း ပြန်လည်ပျက်ကျလာနိုင်မှု အခြေအနေ


Tiangong-1 ဟာ ကမ္ဘာမြေပြင်မှ အာကာသအတွင်းသို့ လွှတ်တင်လိုက်ပြီးနောက် ပြန်လည်ပျက်ကျလာတဲ့ လူလုပ်ပစ္စည်းအများစုထက် ပိုမိုကြီးမားတယ်လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ လူလိုက်ပါခြင်းမရှိတဲ့ Shenzhou 8 အာကာယာဉ်နဲ့ Tiangong-1 တို့ ချိတ်ဆက်နိုင်ခဲ့ပါတယ်။

ထို့နောက် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းမှာတော့ အာကာသယာဉ်မှူးသုံးဦး လိုက်ပါသွားတဲ့ Shenzhou 9 အာကာယာဉ်က Tiangong-1 အာကာသစခန်းသို့ ရောက်ရှိခဲ့ပါတယ်။ Tiangong-1 သို့သွားရောက်တဲ့ တတိယမြောက်နဲ့ နောက်ဆုံး အာကာသခရီးစဉ်အဖြစ် ၂၀၁၃ ခုနှစ် ဇွန်လအတွင်းမှာ အာကာသယာဉ်မှူးသုံးဦး လိုက်ပါခဲ့တဲ့ Shenzhou 10 အာကာသယာဉ်ဖြင့် သွားရာက်ခဲ့ကြပါတယ်။

play
Tiangong-1 အာကာသစခန်း ပုစံတူကို ပြသထားစဉ်


၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တို့မှာ Tiangong-1 အာကာသစခန်းသို့ သွားရောက်ခဲ့တဲ့ အာကာကခရီးစဉ်တွေမှာ တရုတ်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးအာကာသယာဉ်မှူးတွေ ဖြစ်ကြတဲ့ Liu Yang နဲ့ Wang Yaping တို့ လိုက်ပါခဲ့ကြကြောင်းလည်း သိရပါတယ်။

ကမ္ဘာမြေပြင်ကို ပြန်လည်ပျက်ကျလာမယ့် Tiangong-1 အစိတ်အပိုင်းတွေဟာ လူနေထူထပ်တဲ့ နေရာတွေမှာ ကျဆင်းနိုင်တဲ့ အန္တရာယ်နည်းပါးတယ်လို့ ကျွမ်းကျင်သူတွေက အစောပိုင်းမှာလည်း ပြောထားခဲ့ပါတယ်။

play


Tiangong-1 ဟာ အာကာသအတွင်းလွှတ်တင်ခဲ့ပြီး ကမ္ဘာမြေပြင်သို့ အထိန်းအချုပ်မဲ့ ပြန်ကျလာတဲ့ ၅၀ ခုမြောက် လူလုပ်ပစ္စည်းတစ်ခုလည်း ဖြစ်လာပါတယ်။ Tiangong-1 ရဲ့ အချို့အစိတ်အပိုင်းတွေမှာ အလေးချိန် ပေါင် ၂၂၀ အထိရှိနိုင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ပါဝင်နိုင်ကြောင်းလည်း သိရပါတယ်။

play
Tiangong-1 ကို အာကာသသို့ လွှတ်တင်ခဲ့စဉ်


တရုတ်နိုင်ငံက ရှေ့ပြေးပုံစံ အာကာသစခန်း Tiangong-1 ပြီးနောက် အာကာသယာဉ်မှူးများ  နေထိုင်သွားရန် ရည်ရွယ်ထားတဲ့ Tiangong-2 ကို ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှာ လွှတ်တင်ခဲ့ကြောင်း သိရပါတယ်။ Tiangong-2 ဟာ ၂၀၂၀ ခုနှစ်မှာ အာကာသယာဉ်မှူးများ အခြေစိုက်နေထိုင်သွားမယ့် အာကာသစခန်း ဖြစ်လာမယ်လို့ တရုတ်နိုင်ငံက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

- အထိန်းအချုပ်မဲ့ ပျက်ကျလာတဲ့ တရုတ်အာကာသစခန်း အစိတ်အပိုင်းများ ယခုသီတင်းပတ်ကုန်မှာ မြေပြင်သို့ရောက်မည်

- အန္တရာယ်ရှိ ဓာတုပစ္စည်းတွေပါဝင်တဲ့ တရုတ်အာကာသစခန်း ကမ္ဘာမြေပြင်သို့ တစ်လအတွင်း ပျက်ကျလာမည်ခန့်မှန်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD