AD
AD
AD

တရုတ်နိုင်ငံမှာ စာဖိတ်ပရိသတ်များတဲ့ အစိုးရပိုင် သတင်းစာတစ်စောင်က တရုတ်အနေနဲ့ ထိုင်ဝမ်အပေါ် စစ်ရေးအရ အရေးယူရန် ပြင်ဆင်သင့်ကြောင်း၊ မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်အပေါ် အမေရိကန်ကို ဖိအားပေးရန် အယ်ဒီတာ့အာဘော်ရေးသား တိုက်တွန်းလိုက်ကြောင်း သိရပါတယ်။

play


အမေရိကန်က ထိုင်ဝမ်နဲ့ ဆက်ဆံရေးတိုးမြှင့်မယ့် ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ပြီးနောက် ယနေ့ (မတ်လ ၂၂ ရက်) ထုတ် တရုတ်အစိုးရသတင်းစာ The Global Times က အမေရိကန်ရဲ့ ဥပဒေကို တန်ပြန်ဆောင်ရွက်ရန် ပြောကြားထားတဲ့ အယ်ဒီတာ့အာဘော်ကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

play
ထိုင်ဝမ်သမ္မမနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံစဉ်


အမေရိကန် ထိပ်တန်းအစိုးရအရာရှိတွေကို ထိုင်ဝမ်သို့စေလွှတ်ပြီး ထိုင်ဝမ်အစိုးရ တာဝန်ရှိသူတွေ အပြန်အလှန် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားရန် ဥပဒေတစ်ရပ်ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ ထိုင်ဝမ်နဲ့ဆက်ဆံရေး တိုးမြှင့်စေမယ့် အမေရိကန်ရဲ့ ထိုဥပဒေအတည်ပြုမှုကို တရုတ်အစိုးရက ဒေါသထွက်ခဲ့ပါတယ်။

အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အဲလက်စ်ဝေါင်က "အမေရိကန်ရဲ့ ထိုင်ဝမ်နဲ့ပတ်သက်ပြီး ရပ်တည်မှုဟာ အရင်တုန်းက အခုလောက် ခိုင်မာတာမျိုး မဟုတ်ပါဘူး၊ ထိုင်ဝမ်ကျွန်းဟာ ကျန်တဲ့ အင်ဒို-ပစိဖိတ်ဒေသတစ်ခုလုံးအတွက် အတုယူစရာတစ်ခုပါပဲ" လို့  ယမန်နေ့ (မတ်လ ၂၁ ရက်) က ထိုင်ဝမ်မှာ ပြောခဲ့ပါတယ်။

play
တရုတ်သမ္မတရှီကျင်းပင် နောက်ထပ် သမ္မတသက်တမ်းအတွက် ကျမ်းကျိန်စဉ်


တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ ၎င်းရဲ့ပိုင်နက် ကျွန်းတစ်ခုအဖြစ်သာ သတ်မှတ်ထားပါတယ်။ သမ္မတရှီကျင်းပင်ကလည်း တရုတ်လက်အောက်မှ ခွဲထွက်ရန်ကြိုးပမ်မှုအားလုံးဟာ သမိုင်းရဲ့ဒဏ်ခတ်ခြင်းကို  ရင်ဆိုင်ရမယ်လို့ အင်္ဂါနေ့ (မတ်လ ၂၀ ရက်) မှာ သတိပေး ပြောခဲ့ပါတယ်။

play
တရုတ်စစ်တပ် စစ်ရေးပြအခမ်းအနား


ထိုင်ဝမ်အရေး အမေရိကန်က ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့မှုအပေါ် တရုတ်အစိုးရသတင်းစာ The Global Times ရဲ့ အယ်ဒီတာ့အာဘော်မှာ "တရုတ်က အမေရိကန်ကို အခြား ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေမှာ ဖိအားပေးနိုင်ပါတယ်၊ ဥပမာ ကိုရီးယားကျွန်းဆွယ်အရေး၊ အီရန်နျူကလီးယားအရေးတွေပေါ့၊ ဒါ့အပြင် တရုတ်က ကုသမဂ္ဂကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာလည်း အမေရိကန်ကို ဆန့်ကျင်မှုတွေ လုပ်နိုင်ပါတယ်" ရေးသားဖော်ပြထားပါတယ်။

play
ထိုင်ဝမ်တပ်ဖွဲ့ဝင်များ


တရုတ်ပြည်မကြီးအနေနဲ့ ထိုင်ဝမ်ကို စစ်ရေးအရ တိုက်ရိုက်အရေးယူဆောင်ရွက်ရန်လည်း ပြင်ဆင်ရမှာဖြစ်တယ်လို့ အဆိုပါ အယ်ဒီတာ့အာဘော်က ပြောပါတယ်။ အမေရိကန်-ထိုင်ဝမ် အစိုးရတာဝန်ရှိသူများကြား ဆက်ဆံရေးတိုးမြှင့်လာမှုက ထိုင်ဝမ်အတွက် အကျိုးဆက်တွေရှိလာမှာကို ရှင်းလင်းစွာ သိစေရန်လိုအပ်တယ်လို့ The Global Times က ဆိုပါတယ်။

The Global Times သတင်းစာကို အာဏာရ တရုတ်ကွန်မြူနစ်ပါတီက ထုတ်ဝေနေတာလည်း ဖြစ်ပါတယ်။ ထိုင်ဝမ်ရေလက်ကြားကို တရုတ် စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ စေလွှတ်နိုင်ကြောင်းနဲ့ ရေလက်ကြားအခြေအနေပေါ်မူတည်ပြီး စစ်ရေးပြင်ဆင်မှုကို တဖြည်းဖြည်း လုပ်ဆောင်သွားနိုင်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ သတင်းရဲ့ အယ်ဒီတာ့အာဘော်က ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD