AD
AD
AD

တရုတ်အစိုးရက သစ်သီးများနဲ့ ဝက်သားအပါအဝင် အမေရိကန်သွင်းကုန် ၁၂၈ မျိုးကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံ တန်ုဖိုးရှိ အခွန်စည်းကြပ်ကောက်ခံရန် သတ်မှတ်လိုက်ပြီး ယနေ့ (ဧပြီ ၂ ရက်) စတင်သက်ရောက်ကြောင်း သိရပါတယ်။

play


မတ်လအတွင်း အမေရိကန်က သံမဏိနဲ့ အလူမီနီယံ သွင်းကုန်တွေကို အခွန်ကောက်ခံမှုအား လက်တုံ့ပြန်မှုတဲ့ အနေနဲ့ တရုတ်အစိုးရကလည်း အမေရိကန်သွင်းကုန်များအပေါ် အခွန်စည်းကြပ်ကောက်ခံလိုက်တာ ဖြစ်ပါတယ်။

တရုတ်သွင်းကုန်တွေအပေါ် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံ အခွန်စည်းကျပ်ကောက်ခံမှုနဲ့ အမေရိကန်နိုင်ငံအတွင်း တရုတ်လုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ကန့်သတ်သွားမယ့် အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မတ်လ ၂၂ ရက်မှာ ကြေညာခဲ့ပါတယ်။

play


တရုတ်နိုင်ငံက အမေရိကန် စီးပွားရေးလုပ်ငန်းတွေရဲ့ ဉာဏပစ္စည်းတွေကို ခိုးယူခြင်းနဲ့ လွှဲပြောင်းခြင်းတို့ကို အားပေးအားမြှောက်ပြုခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပြီးနောက် အရေးယူပိတ်ဆို့မှုများ ချမှတ်သွားရန် စီစဉ်လာကြောင်း အမေရိကန်က ပြောထားပါတယ်။

ထိုစဉ်ကတည်းက တရုတ်အစိုးရကလည်း တုံ့ပြန်ဆောင်ရွက်မှုအဖြစ် အမေရိကန်ကုန်ပစ္စည်းတွေအပေါ် ဒေါ်လာ ၃ ဘီလီယံအထိ အခွန်စည်းကြပ် ကောက်ခံသွားမယ်လို့ ပြောထားခဲ့ကြောင်း သိရပါတယ်။ တရုတ်အစိုးရက သတ်မှတ်လိုက်တဲ့ သွင်းကုန်အခွန် စည်းကြပ်ကောက်ခံမှုအရ အမေရိကန်မှ အလူမီနီယံနဲ့ အေးခဲဝက်သားတို့ကို ၂၅ ရာခိုင်နှုန်းအထိ ထပ်တိုးအခွန်ကောက်ခံသွားမှာ ဖြစ်ပါတယ်။

play


အခွံမာသီးများ၊ သစ်သီးနဲ့ သစ်သီးခြောက်၊ အမေရိကန်ဂျင်ဆင်းနဲ့ ဝိုင်အရက် အပါအဝင် အခြား အမေရိကန် သွင်းကုန်တွေကိုလည်း အခွန် ၁၅ ရာခိုင်နှုန်း တိုးမြှင့်သွားမယ်လို့ တရုတ်အစိုးရက ဆိုပါတယ်။ တရုတ်အစိုးရက အမေရိကန်မှ သံမဏိသွင်းကုန်ကိုလည်း အခွန် ၁၅ ရာခိုင်နှုန်း တိုးမြှင့်သွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD