AD
AD
AD

တရုတ်နိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းမှာတည်ဆောက်ခဲ့တဲ့ လေယာဉ်တင်သင်္ဘောကို ပင်လယ်ပြင်မှာ စမ်းသပ်ခုတ်မောင်းရန်အတွက် မေလ ၁၃ ရက်မှာ ဆိပ်ကမ်းကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

ပြည်တွင်းမှာပင် ပုံစံထုတ်တည်ဆောက်ခဲ့တဲ့ လေယာဉ်တင်သင်္ဘောကို တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ ရေတပ်ကို လွှဲပြောင်းအပ်နှံခဲ့ပြီးနောက် ပင်လယ်ပြင်ခရီးစဉ် စမ်းသပ်ခုတ်မောင်းခဲ့ခြင်း မရှိသေးပါဘူး။

play


အလေးချိန် မက်ထရစ်တန် ၅၀,၀၀၀ ရှိတဲ့ တရုတ်လေယာဉ်တင်သင်္ဘောဟာ Liaoning ပြည်နယ် ဒါလီအန်းသင်္ဘောကျင်းကနေ ဒေသစံတော်ချိန် မနက် ၇ နာရီမှာ မြူထူများကျဆင်းနေစဉ်အတွင်းမှာပင် စတင်ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်တင်သင်္ဘောကို ပင်လယ်ပြင်မှာ စမ်းသပ်ခုတ်မောင်းခြင်းမပြုမီ ဆွဲသင်္ဘောအချို့ အကူအညီဖြင့် သင်္ဘောကျင်းကနေ ဆွဲခေါ်သွားခဲ့ပါတယ်။

တည်ဆောက်ရေးပိုင်းမှာ အဆင်ပြေချောမွေ့ အောင်မြင်ခဲ့တဲ့ လေယာဉ်တင်သင်္ဘောရဲ့ ခုတ်မောင်းမှုစနစ် စိတ်ချရမှုနဲ့ စွမ်းဆောင်ရည်ကို လက်တွေ့ပြရန်အတွက် ပင်လယ်ပြင်ခရီးစဉ် စမ်းသပ်ခုတ်မောင်းခြင်း ဖြစ်တယ်လို့ တရုတ်ရေတပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

play


ယခု လေယာဉ်တင်သင်္ဘောဟာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးနဲ့ ခေတ်အမီဆုံး စစ်သင်္ဘောလည်း ဖြစ်ပါတယ်။ လေယာဉ်တင်သင်္ဘောကို တရုတ်ပြည်တွင်းမှာပင် ပုံစံထုတ်ကာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း စတင်တည်ဆောက်ခဲ့ကာ သင်္ဘောကျင်းမှာ ၂၀၁၅ ခုနှစ် မတ်လအတွင်း တည်ဆောက်ရေးလုပ်ငန်း ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။

ထို့နောက် ၂၀၁၇ ခုနှစ် ဧပြီလမှာ လေယာဉ်တင်သင်္ဘောကို ရေချအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ တရုတ်ပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘောကြီးဟာ ၁,၀၃၃ ပေရှည်လျားပြီး ၂၄၆ ပေ ကျယ်ဝန်းပါတယ်။

ပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘောမတိုင်မီ တရုတ်ရေတပ်က ပထမဆုံး ပိုင်ဆိုင်အသုံးပြုခဲ့တဲ့ Liaoning လေယာဉ်တင်သင်္ဘောကတော့ ဆိုဗီယက်ခေတ်သင်္ဘောကို ယူကရိန်းနိုင်ငံမှ ပြန်လည်ဝယ်ယူကာ ပြည်တွင်းမှာ မွမ်းမံပြင်ဆင်ထားတာ ဖြစ်ပါတယ်။

play


ယခု တရုတ်ပြည်တွင်းမှာပင် ထုတ်လုပ်ခဲ့တဲ့ လေယာဉ်တင်သင်္ဘောအသစ်ဟာ J-15 တိုက်လေယာဉ်များနဲ့ ရဟတ်ယာဉ်အချို့ကို သယ်ဆောင်ခုတ်မောင်းနိုင်ကြောင်း သိရပါတယ်။ တရုတ်ပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘောကို ပုဂ္ဂလိကပိုင် တရုတ်ကုမ္ပဏီ  ၅၃၂ ခုက ပြုလုပ်ထားတဲ့ ပစ္စည်းအမျိုးပေါင်း ၁၂,၀၀၀ ဖြင့် အသုံးပြုတည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

play


တရုတ်နိုင်ငံအပြင် အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတို့ကလည်း လေယာဉ်တင်သင်္ဘောများ ပိုင်ဆိုင်ထားကြပါတယ်။ အဆိုပါနိုင်ငံများရဲ့ လေယာဉ်တင်သင်္ဘော စုစုပေါင်းအရေအတွက် ၁၈ စီး ဖြစ်ကြောင်းလည်း သိရပါတယ်။

အမေရိကန်က လက်ရှိမှာ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ၁၁ စီးအထိ ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အင်အားအတောင့်တင်းဆုံး လေယာဉ်တင်သင်္ဘောအုပ်စုအဖြစ် ဦးဆောင်ရပ်တည်နေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD