AD
AD
AD

တရုတ်နိုင်ငံမှာ မိဘများ ကွယ်လွန်ခဲ့ပြီးနောက် လေးနှစ်အကြာမှာ ၎င်းတို့ရဲ့ကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း ဒေသခံ သတင်းတွေက ဧပြီ ၁၀ ရက်မှာ ဖော်ပြထားပါတယ်။

play
မိဘများ ကွယ်လွန်ပြီး လေးနှစ်ကျော်ကြာမှ မွေးဖွားခဲ့သည့် Tian Tian


ယခု မွေးဖွားလာတဲ့ ကလေးရဲ့မိဘတွေဟာ ၂ နှစ်ကြာ လက်ထပ်ပေါင်းသင်းခဲ့ကြပြီး ဖန်ပြွန်သန္ဓေသားနည်း (IVF) ဖြင့် ကလေးရယူရန် စီစဉ်ထားခဲ့ကြကြောင်း Bejing News က ပြောပါတယ်။ သို့သော် ၎င်းတို့ဇနီးမောင်နှံဟာ ၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက်မှာ ကားမတော်တဆမှုအတွင်း သေဆုံးသွားခဲ့ကြပါတယ်။

Shen Jie နဲ့ ၎င်းရဲ့ဇနီး Liu Xi တို့ မကွယ်လွန်မီမှာ ဖန်ပြွန်သန္ဓေသားအတွက် ပြင်ဆင်ထားခဲ့ကြပြီး ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ သန္ဓေသားလောင်းကို Nanjing ဆေးရုံမှာ နိုက်ထရိုဂျင်ဘူးတစ်ခုအတွင်း အပူချိန် အနုတ် ၁၉၆ ဒီဂရီဆဲလ်စီးယပ်ဖြင့် အေးခဲထားကြောင်း သိရပါတယ်။

Shen Jie နဲ့ Liu Xi တို့ ကွယ်လွန်ခဲ့ပြီးနောက် နှစ်ဖက်မိဘတွေ ၎င်းတို့နှစ်ဦးရဲ့ အေးခဲသိမ်းဆည်းထားတဲ့ သန္ဓေသားလောင်းကို အတူတကွ ပိုင်ဆိုင်ခွင့်အတွက် တရားရုံးမှာ တစ်နှစ်ကြာ ဦးတိုက်လျှောက်ထားကာ အရေးဆိုခဲ့ကြပါတယ်။

play
အငှားကိုယ်ဝန်ဆောင်အေဂျင်စီမှ တာဝန်ရှိသူ၊Tian Tian နှင့် နှစ်ဖက်အဘွားနှစ်ဦး


ယခုကိစ္စရပ်မှာ တရားရုံးအနေနဲ့ နှစ်ဖက်အဘိုးအဘွားတွေက သန္ဓေသားကို ပိုင်ဆိုင်နိုင်ခွင့်ရှိ မရှိနဲ့ အဆိုပါ သန္ဓေသားကို မည်သို့ အငှားကိုယ်ဝန်ဆောင်ပြီး မွေးဖွားနိုင်မှုတို့အပေါ် အထူးတလည် စဉ်းစားဆုံးဖြတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အငှားကိုယ်ဝန်ဆောင်ခြင်းကို တရုတ်နိုင်ငံမှာ ဥပဒေအရ တားမြစ်ပိတ်ပင်ထားတာလည်း ဖြစ်ပါတယ်။ နှစ်ဖက်အဘိုးအဘွားတွေဟာ ၎င်းတို့ရဲ့ မြေးလေးကို မွေးဖွားနိုင်ရန်အတွက် တရားရုံးမှာ တစ်နှစ်ကြာ အရေးဆိုကြိုးပမ်းခဲ့ကြပြီး နောက်ဆုံးမှာတော့ သန္ဓေသားလေးကို ပိုင်ဆိုင်ခွင့်ရသွားကြပါတယ်။

play


နှစ်ဖက်အဘိုးအဘွားရဲ့ မြေးဖြစ်သူကို လာအိုနိုင်ငံမှ အငှားကိုယ်ဝန်ဆောင်မိခင်က ယမန်နှစ် ဒီဇင်ဘာ ၉ ရက်မှာ မွေးဖွားပေးခဲ့တယ်လို့ သိရပါတယ်။ မိဘတွေ ကွယ်လွန်ခဲ့ပြီးနောက် လေးနှစ်အကြာမှ မွေးဖွားလာတဲ့ ကလေးလေးကို နှစ်ဖက်အဘိုးအဘွားတွေက 'Tian Tian' လို့ အမည်ပေးခဲ့ကြပါတယ်။

ထိုအမည်မှာ ချစ်စဖွယ်ကောင်းသူလို့ အဓိပ္ပါယ်ရကြောင်းလည်း သိရပါတယ်။ ကလေးရဲ့ ကွယ်လွန်သူမိခင် Liu Xi ရဲ့ အမေဖြစ်သူက "သူ့မျက်လုံးတွေက ကျွန်မသမီးလေးရဲ့ မျက်လုံးတွေနဲ့တူတယ်၊ ဒါပေမဲ့ မျက်နှာတစ်ခုလုံးကတော့ သူ့အဖေနဲ့ နည်းနည်းပိုတူတယ်" လို့ ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD