AD
AD
AD

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ စင်ကာပူနိုင်ငံမှာ ပြုလုပ်ရန်စီစဉ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။ သမ္မတထရန့်က ကမ္ဘာကြီးဟာ ငြိမ်းချမ်းရေးအတွက် ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုကို လက်လွှတ်ခဲ့ရတယ်လို့လည်း ပြောခဲ့ပါတယ်။

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်


ထိပ်သီးဆွေးနွေးပွဲ ဖျက်သိမ်းရခြင်းဟာ မြောက်ကိုရီးယားနိုင်ငံက လတ်တလော ထုတ်ပြန်မှုတစ်ခုမှာ ဒေါသတကြီးနဲ့ ပြောင်ပြောင်တင်းတင်း ရန်လိုမှုတို့ ပါဝင်နေခဲ့တာကြောင့် ဖြစ်တယ်လို့ အမေရိကန်သမ္မတထရန့်က ဆိုပါတယ်။

ထရန့်က ထိပ်သီးဆွေးနွေးပွဲ ဖျက်သိမ်းလိုက်ခြင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ထံ စာတစ်စောင်ပေးပို့ခဲ့ရာ ၎င်းအနေနဲ့ တစ်နေ့နေ့မှာ ကင်မ်ဂျုံအန်ကို တွေ့ဆုံရန် မျှော်လင့်နေဆဲဖြစ်ကြောင်း ရေးသားထားပါတယ်။

play
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်


မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်တဲ့ ဥမင်လှိုဏ်ခေါင်းတွေကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ အမေရိကန်သမ္မတရဲ့ ထိပ်သီးဆွေးနွေးပွဲ ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်တာလည်း ဖြစ်ပါတ်ယ။

ဇွန်လ ၁၂ ရက်မှာ ပြုလုပ်ရန်စီစဉ်ထားခဲ့ပြီး ယခု ပျက်ပြယ်သွားတဲ့ ထိပ်သီးဆွေးနွေးပွဲကို ၎င်းအနေနဲ့ မျှော်လင့်ချက်ထားခဲ့ကြောင်း သမ္မတထရန့်က ပြောခဲ့ပါတယ်။

play
ဒေါ်နယ်ထရန့်က ကင်မ်ဂျုံအန်ထံ ပေးပို့ခဲ့သည့်စာ


"ကျွန်တော် စင်ကာပူမှာ ခင်ဗျားနဲ့အတူရှိဖို့ အများကြီး မျှော်လင့်နေခဲ့ပါတယ်၊ အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ခင်ဗျားရဲ့ထုတ်ပြန်ချက်မှာ ဒေါသတကြီးဖြစ်မှုနဲ့ ရန်လိုမှုတွေ အထင်အရှား ပါဝင်နေတဲ့အပေါ် ပြန်လည်သုံးသပ်ပြီး ဝမ်းနည်းစွာနဲ့ပဲ တွေ့ဆုံမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်၊ ဒီအချိန်ဟာ ဒီလို တွေ့ဆုံဆွေးနွေးဖို့ မသင့်တော်သေးဘူးလို့ ကျွန်တော်ခံစားရပါတယ်" လို့ အမေရိကန်သမ္မတက ပြောပါတယ်။

play
အမေရိကန် ဒုတိယသမ္မတ မိုက်ခ်ပင့်စ်


ဆက်လက်ပြီး "ခင်ဗျားက ခင်ဗျားရဲ့ နျူကလီးယားစွမ်းဆောင်ရည်အကြောင်း ပြောခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ နျူကလီးယားစွမ်းဆောင်ရည်က အလွန်ကြီးမားပြင်းထန်ပါတယ်၊ ဒါကို ကျွန်တော် ဘယ်တော့မှ အသုံးမပြုရပါစေနဲ့လို့ ဘုရားသခင်ထံမှာ ဆုတောင်းပါတယ်" လို့လည်း ထရန့်က ဖြည့်စွက်ပြောခဲ့ပါတယ်။

play
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Choe Son-hui


ကင်မ်ဂျုံအန်အနေနဲ့ စိတ်သဘောထားပြောင်းလဲခဲပါက ၎င်းကိုဆက်သွယ်ရန် ပြောကြားပြီး သမ္မတထရန့်ရဲ့စာကို အဆုံးသတ်ထားကြောင်း သိရပါတယ်။ ယနေ့ (မေလ ၂၄ ရက်) အစောပိုင်းမှာ မြောက်ကိုရီးယားအစိုးရ ထိပ်တန်းအရာရှိတစ်ဦးဖြစ်သူ Choe Son-hui က အမေရိကန်ဒုတိယသမ္မတ မိုက်ခ်ပင့်စ်ရဲ့ ဝေဖန်ပြောဆိုမှုကို တင်းမာစွာတုံ့ပြန်ခဲ့ပါတယ်။

၎င်းက အမေရိကန်ဒုတိယသမ္မတဟာ အသုံးမကျတဲ့ ဆင်ခြင်တုံတရားမရှိသူလို့ ပြောဆိုခဲ့ပါတယ်။ မိုက်ခ်ပင့်စ်က မြောက်ကိုရီးယားဟာ လစ်ဗျားနိုင်ငံကဲ့သို့ အဆုံးသတ်သွားနိုင်ဖွယ်ရှိတယ်လို့ အစောပိုင်းမှာ ဝေဖန်ခဲ့ကြောင်း သိရပါတယ်။

play
ကင်မ်ဂျုံအန်နဲ့ မွန်ဂျေအင်းတို့ ထိပ်သီးတွေ့ဆုံမှု


အမေရိကန်က နျူကလီးယားလက်နက်ဖျက်သိမ်းရေးကိုသာ တစ်ဖတ်သက် တောင်းဆိုနေပါက ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းသွားနိုင်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြောကြားထားခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ ဧပြီ ၂၇ ရက် ထိပ်သီးဆွေးနွေးပွဲပြီးနောက် အမေရိကန်သမ္မတထရန့်နဲ့တွေ့ဆုံရန် စီစဉ်ခဲ့တာဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD