AD
AD
AD

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က အလွန်အေးခဲပြီး နှင်းကိုက်ဒဏ်ကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူ တရုတ်တောင်တက်သမားဟာ ယခုနှစ် တောင်တက်ရာသီအစမှာတော့ ဧဝရတ်တောင်ကို တစ်ကျော့ပြန်တက်ရောက်ကာ သမိုင်းမှတ်တမ်းရေးထိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

play
အိပ်မက်ကို လက်တွေ့ အကောင်အထည်ဖော်ခဲ့သည့် ရှီဘိုယု


ရှီဘိုယု (Xia Boyu) အမည်ရှိ တောင်တက်သမားဟာ ၁၉၇၅ ခုနှစ်မှာ ဧရဝတ်တောင်တက်ခရီးစဉ်အတွင်း နှင်းမုန်တိုင်းတစ်ခုကြုံရချိန်မှာ နေမကောင်းဖြစ်နေတဲ့ တောင်တက်အဖွဲ့ကိုတစ်ဦးကို ၎င်းရဲ့ ခရီးဆောင်အိပ်ရာကို ပေးခဲ့ပြီးနောက် နှင်းကိုက်ဒဏ်ခံရကာ ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရပါတယ်။

အသက် ၆၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘိုယုဟာ ယခုအခါမှာတော့ ခြေထောက်နှစ်ဖက်လုံးမရှိဘဲ ဧဝရတ်တောင်ကို တက်ရောက်နိုင်တဲ့ ဒုတိယမြောက်တောင်တက်သမားနဲ့ နီပေါနိုင်ငံဘက်ခြမ်းမှ ပထမဆုံးတက်ရောက်သူ ဖြစ်လာခဲ့ပါတယ်။

play


တရုတ်တောင်တက်သမား ဘိုယုဟာ ၁၉၇၅ ခုနှစ် တောင်တက်ခရီးစဉ်အတွင်း ဧဝရတ်တောင်ရဲ့ သေမင်းဇုန်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ပေ ၂၆,၂၀၀ အမြင့်အရောက်မှာ သုံးညကြာ သောင်တင်ခဲ့ကြပါတယ်။ ထိုသို့ သောင်တင်ခဲ့ကြစဉ် ဘိုယုက ၎င်းရဲ့ခရီးဆောင်အိပ်ရာကို နေမကောင်းဖြစ်တဲ့ တောင်တက်ခရီးဖော်တစ်ဦကိုပေးခဲ့ပြီး ၎င်းကိုယ်တိုင်ကတော့ နှင်းကိုက်ဒဏ်ခံရကာ ခြေထောက်ဖြတ်ပစ်ခဲ့ရပါတယ်။

play


ထို့နောက် ၁၉၉၆ ခုနှစ်မှာလည်း ဘိုယုဟာ ကင်ဆာရောဂါကြောင့် ၎င်းရဲ့ခြေထောက်တွေကို ဒူးခေါင်းအထက်နေရာကနေ ဖြတ်ခဲ့ရပြန်ပါတယ်။ ဒီလိုအဖြစ်တွေ ကြုံခဲ့ရပေမဲ့လည်း စိတ်ဓာတ်ကြံ့ခိုင်သူ ဘိုယုက ဧဝရတ်တောင်ထိပ်ကို ရောက်အောင်တက်မယ့် ၎င်းရဲ့ ရည်မှန်းချက်ကို မစွန့်လွှတ်ခဲ့ပါဘူး။

"ဧဝရတ်တောင်ကိုတက်ဖို့က ကျွန်တော့်အိပ်မက်ပါ၊ ဒါကို ကျွန်တော် လက်တွေ့ဖြစ်အောင် လုပ်ရမှာပါ၊ ဒါက လူတစ်ယောက်အတွက် စိန်ခေါ်မှုပါ၊ ကံကြမ္မာရဲ့စိန်ခေါ်မှုပါ" လို့ ဘိုယုက AFP သတင်းဌာနကို ပြီးခဲ့တဲ့ ဧပြီလအတွင်း ပြောခဲ့ပါတယ်။

play


၁၉၇၅ ခုနှစ်မှာ ခြေထောက်ဖြတ်ခဲ့ရပြီးနောက်ပိုင်း ဘိုယုက ဧဝရတ်တောင်ကိုတက်ရန် ၂၀၁၄၊ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ သုံးကြိမ်တိုင် ကြိုးပမ်းခဲ့ပါသေးတယ်။ ၂၀၁၆ ခုနှစ်က တောင်တက်ခရီးမှာတော့ ဘိုယုဟာ ထောင်ထိပ်နားအထိ ရောက်ခဲ့ပေမဲ့ နှင်းမုန်တိုင်းနဲ့ ကြုံခဲ့ရတာကြောင့် ထောင်ထိပ်ကိုမရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။

ယခုတစ်ကြိမ် ထပ်မံကြိုးပမ်းခဲ့ရာမှာတော့ ဘိုယုတစ်ယောက် ဧဝရတ်တောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။ မေလ ၁၄ ရက်မှာ ဘိုယုဟာ နီပေါနဲ့တိဘက်နယ်စပ်မှာ နေထိုင်ကြတဲ့ Sherpa လူမျိုးနွယ်စု လမ်းပြအဖွဲ့နဲ့အတူ ဧဝရတ်တောင်ထိပ်ကို အောင်မြင်စွာ ရောက်ရှိခဲ့ပါတယ်။

play


ဘိုယုဟာ နီပေါနိုင်ငံဘက်ခြမ်းကနေ ဧဝရတ်တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံး ခြေထောက်နှစ်ဖက်လုံးမရှိသူ တောင်တက်သမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ခြေထောက်နှစ်ဖက်လုံးမရှိဘဲ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့တဲ့ ဒုတိယမြောက် တောင်တက်သမားအဖြစ်လည်း ဘိုယုက မှတ်တမ်းဝင်ခဲ့ပါတယ်။

play
ခြေထောက်နှစ်ဖက်လုံးမရှိဘဲ ဧဝရတ်တောင်ထိပ်ကို ပထမဆုံး တက်ရောက်နိုင်ခဲ့သူ မာ့ခ်အင်းဂလစ်


ခြေထောက်နှစ်ဖက်လုံးမရှိဘဲ ဧဝရတ်တောင်ထိပ်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့သူကတော့ နယူးဇီလန်နိုင်ငံမှ တောင်တက်သမား မာ့ခ်အင်းဂလစ် (Mark Inglis) ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ တက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။ အင်းဂလစ်ဟာလည်း တောင်တက်ခရီးစဉ်အတွင်း မုန်တိုင်းမိပြီး ရေခဲဂူထဲမှာ သီတင်နှစ်ပတ်ကြာ နေခဲ့ရပြီးနောက် ခြေထောက်များဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

မေလ ၁၄ ရက်မှာပင် သြစတြေးလျနိုင်ငံမှ တောင်တက်သမားတစ်ဦးကလည်း ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီးနောက် ကမ္ဘာ့တိုက်ကြီး ခုနစ်တိုက်စီမှာရှိတဲ့ အမြင့်ဆုံး တောင်ခုနစ်လုံးကို အမြန်ဆုံး တက်ရောက်နိုင်သူအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD