AD
AD
AD

သြစတြေးလျနိုင်ငံမှာ တောမီးလောင်မှုကြောင့် လူနေအိမ်နဲ့ အဆောက်အအုံ ၇၀ ကျော် ပျက်စီးခဲ့ဖွယ်ရှိကြောင်း အာဏာပိုင်တွေက ယနေ့ (မတ်လ ၁၉ ရက်) ပြောပါတယ်။ တောမီးဟာ New South Wales (NSW) ကမ်းရိုးတန်းမြို့ Tathra မှာ တနင်္ဂနွေနေ့ (မတ်လ ၁၈ ရက်) နှောင်ပိုင်းက လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရပါတယ်။

play


အာဏာပိုင်တွေက ဒေသခံတွေကို နီးစပ်ရာမြို့သို့ ပြောင်းရွှေ့ကြရန် ပြောထားပြီး လက်ရှိအချိန်ထိ တောမီးလောင်မှုအတွင်း လူပျောက်ဆုံးမှုသတင်းများ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အစောပိုင်းကလည်း သြစတြေလျးနိုင်ငံ Victoria ပြည်နယ်မှာ တောမီးလောင်ကျွမ်းမှုတွေကြောင့် အဆောက်အအုံ ၁၈ ခု ပျက်စီးခဲ့ပါတယ်။

play


သြစတြေးလျ နွေရာသီကာလအတွင်း တောမီးလောင်မှုတွေ အဆိုးဆုံး ဖြစ်ပွားလေ့ရှိကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဆစ်ဒနီမြို့တောင်ဘက် မိုင် ၂၈၀ အကွာ ကမ်းရိုးတန်းဒေသရှိ Tathra မြို့မှာ တောမီးလောင်မှုအတွင်း မီးခိုးတွေကြောင့် အသက်ရှူကျပ်သူ လေးဦးကို ကုသပေးခဲ့ရပြီး မီးသတ်သမားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

play


အဆိုပါမြို့မှာ အပူချိန်ဟာ ၃၈ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်နေပြီး မြို့ခံအများအပြားက ယမန်နေ့မှာ ကမ်းခြေတစ်လျှောက် ရှောင်တိမ်းထွက်ခွာခဲ့ကြပါတယ်။ Tathra မြို့ငယ်လေးမှာ လူဦးရေ ၁,၆၀၀ ခန့် နေထိုင်ကြကြောင်းလည်း သိရပါတယ်။

တာမီးဟာ မြေဧရိယာ ဟက်တာ ၁,၀၀၀ ကျော်ကို လောင်ကျွမ်းခဲ့ပြီးနောက် ထိန်းသိမ်းမရနိုင်သေးကြောင်း NSW ကျေးလက်ဒေသမီးသတ်တပ်ဖွဲ့က ယနေ့ (မတ်လ ၁၉ ရက်) ပြောပါတယ်။ ယနေ့ ရာသီဥတုအခြေအနေအရ တောမီးလောင်မှုကို ငြှိမ်းသတ်ရာမှာ ပိုမိုလွယ်ကူလာနိုင်ကြောင်း မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။

play


သြစတြေးလျမှာ စံချိန်တင်ခြောက်သွေ့တဲ့ ဆောင်းရာသီကို ကြုံတွေ့ခဲ့ရတာကြောင့် အန္တရာယ်ရှိတဲ့ တောမီးလောင်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားကြရန် ယမန်နှစ် စက်တင်ဘာလအတွင်း အာဏာပိုင်တွေက တိုက်တွန်းထားခဲ့ကြောင်းလည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD