AD
AD
AD

ကွန်ဂိုနိုင်ငံမှာ အီဘိုလာကူးစက်ခံရသူ ၄၂ ဦးရှိပြီး ၂၃ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက အတည်ပြု ပြောကြားပါတယ်။

play


အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဟာ ကျေးလက်ဒေသမှ မြို့ပေါ်အထိ ရောက်ရှိလာခဲ့ပြီးနောက် ထိန်းချုပ်ရန်ခက်ခဲလာနိုင်မှုကို စိုးရိမ်နေကြကြောင်းလည်း သိရပါတယ်။ ကွန်ဂိုကျန်းမာရေးဝန်ကြီး Oly Ilunga Kalenga က အမ်ဘန်ဒါကာ (Mbandaka) မြို့မှာ အီဘိုလာ ကူးစက်ခံရသူတစ်ဦး တွေ့ရှိခဲ့ရကြောင်း အတည်ပြုခဲ့ပါတယ်။

play


လူဦးရေတစ်သန်း နေထိုင်လျက်ရှိတဲ့ အဆိုပါမြို့နဲ့ မိုင် ၈၀ အကွာရှိ ကျေးလက်ဒေသမှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံမှုကို ယခုလအစောပိုင်းက ပထမဆုံး တွေ့ရှိအတည်ပြုနိုင်ခဲ့ပါတယ်။ အမ်ဘန်ဒါကာမြို့ဟာ ကွန်ဂိုနိုင်ငံ (Democratic Republic of Congo) ကင်ရှာဆာမြို့တော် (Kinshasa) နဲ့ လမ်းပန်းဆက်သွယ်ရေး အဓိကကျတဲ့ မြို့တစ်မြို့လည်း ဖြစ်နေပါတယ်။

play


အဓိကမြို့တစ်မြို့မှာ ကူးစက်မှုတွေ့ရှိရခြင်းက အီဘိုလာပျံ့နှံ့မှု အလွန်အမင်း မြင့်တက်လာနိုင်ခြေရှိတဲ့ရှိတဲ့ လက္ခဏာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း ( World Health Organisation - WHO) မှ တာဝန်ရှိသူ ပီတာဆဲလ်မာက ပြောပါတယ်။

အီဘိုလာကူးစက်ခံထားရသူတွေနဲ့ ထိတွေ့မှုရှိခဲ့သူ ၄၃၀ ရှိကြောင်းနဲ့ ထိတွေ့မှုရှိခဲ့သူ ၄,၀၀၀ ကျော်ကို စောင့်ကြည့်ခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။ အဆိုပါ လူအများအပြားဟာ အီဘိုလာကူးစက်မှု စတင်တွေ့ရှိခဲ့ပြီး မော်တော်ဆိုင်ကယ်ဖြင့်သား သွားရောက်နိုင်တဲ့ ကွန်ဂိုအနောက်မြောက်ပိုင်း ကျေးလက်ဒေသမှ ဖြစ်တယ်လို့ ဆိုပါတယ်။

play


ယမန်နေ့ (မေလ ၁၆ ရက်) မှာတော့ WHO က ပေးပို့လိုက်တဲ့ အီဘိုလာကာကွယ်ဆေး ၄,၀၀၀ ကွန်ဂိုကိုရောက်ရှိလာခဲ့ကြောင်းလည်း သိရပါတယ်။ နောက်ထပ် ကာကွယ်ဆေးပေးပို့မှုလည်း မကြာမီ ထပ်မံရောက်ရှိလာမယ်လို့ ဆိုပါတယ်။

အီဘိုလာဗိုင်းရပ်စ်ကြောင့် ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အတွင်း ဂီနီ၊ လိုက်ဘီးရီးယားနဲ့ ဆီရာလီယွန် နိုင်ငံတို့မှာ လူ ၁၁,၃၀၀ ခန့် သေဆုံးခဲ့ပါတယ်။ ယမန်နှစ် မေလအတွင်းကလည်း ကွန်ဂိုမှာ အီဘိုလာဗိုင်းရပ်စ် (Ebola) ကူးစက်ပျံ့နှံ့နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ကြေညာခဲ့ဖူးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD