International News: ဥရောပမှာ အိုင်အက်စ်အဖွဲ့ တိုက်ခိုက်မှုများ ဖြစ်လာနိုင်ကြောင်း Europol သတိပေး

ဥရောပမှာ အိုင်အက်စ်အဖွဲ့ဝင် ဒါဇင်နဲ့ချီ ရောက်ရှိနေပြီး ဆီးရီးယားနဲ့ အီရတ်မှာ တိုက်ထုတ်ခံနေရတာကြောင့် ဥရောပကို နောက်ထပ် အိုင်အက်စ်အဖွဲ့ဝင်များ ထပ်ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။

play


အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ဥရောပမှာ တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်ဖွယ်ရှိကြောင်း ဥရောပသမဂ္ဂရဲတပ်ဖွဲ့ (Europol) က ဒီဇင်ဘာ ၂ ရက်မှာ သတိပေး ပြောကြားခဲ့ပါတယ်။ ဥရောပမှာ အိုင်အက်စ်အဖွဲ့ဝင် ဒါဇင်နဲ့ချီ ရောက်ရှိနေပြီး ဆီးရီးယားနဲ့ အီရတ်မှာ တိုက်ထုတ်ခံနေရတာကြောင့် ဥရောပကို နောက်ထပ် အိုင်အက်စ်အဖွဲ့ဝင်များ ထပ်ရောက်လာနိုင်ကြောင်းလည်း Europol က ပြောပါတယ်။

play


ဥရောပသမဂ္ဂရဲ့ အဖွဲ့ဝင် ၂၈ နိုင်ငံမှာ အိုင်အက်စ်က တိုက်ခိုက်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေ ရှိနေကြောင်း အစီရင်ခံစာမှာ သတိပေးထားပါတယ်။ Europol ရဲ့ အဆိုအရ အိုင်အက်စ်က ဥရောပမှာ ကားဗုံးခွဲမှုနဲ့ ပြန်ပေးဆွဲမှုတို့ကဲ့သို့ လုပ်ရပ်များ ဥရောပမှာ လုပ်ဆောင်လာနိုင်ကြောင်း သိရပါတယ်။

အိုင်အက်စ်က ပစ်မှတ်ထားတဲ့ အဓိက ပစ်မှတ်တွေထဲမှာ လုံခြုံရေးထားရှိတဲ့ လျှပ်စစ်ဓာတ်အားလိုင်းများနဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ ပါဝင်ခြင်း မရှိဘူးလို့ Europol က ပြောပါတယ်။

play
ပြင်သစ်နိုင်ငံ နိစ်မြို့မှာ ဖြစ်ပွားခဲ့သည့် လော်ရီကားဖြင့် အကြမ်းဖက်တိုက်ခိုက်မှု။


ဥရောပမှာရှိနေတဲ့ ဒုက္ခသည်စခန်းတွေမှာ စိမ့်ဝင်နေတဲ့ အိုင်အက်စ်အဖွဲ့ဝင်တွေက ဆီးရီးယားဒုက္ခသည်တွေကို လူသစ်အဖြစ် စည်းရုံးစေခိုင်းဖွယ်ရှိကြောင်းလည်း Europol က ဆိုပါတယ်။ လတ်တလော နှစ်များအတွင်းလည်း ဥရောပမှာ အိုင်အက်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အိုက်အက်စ်အဖွဲ့ဟာ ပါရီမြို့နဲ့ ဘရပ်ဆဲလ်မြို့တို့မှာ သေနတ်ဖြင့်ပစ်ခတ်မှု၊ ဗုံးခွဲမှုနဲ့ ဓားဖြင့်တိုက်ခိုက်မှုကဲ့သို့ တိုက်ခိုက်မှုပုံစံများဖြင့် တိုက်ခိုက်ခဲ့ပါတယ်။

ဥရောပမှာ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ

ဇန်နဝါရီ၊ ၂၀၁၅ - ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Charlie Hebdo သရော်စာမဂ္ဂဇင်းနဲ့ ဂျူးလူမျိုးပိုင် စူပါမတ်ကက် တိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။

နိုဝင်ဘာ၊ ၂၀၁၅ - ပါရီမြို့ရှိ ဘတ်တာကလန် ဖျော်ဖြေရေးခန်းမ၊ ဘားဆိုင်များနဲ့ စားသောက်ဆိုင်များမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး လူ ၁၃၀ သေဆုံးခဲ့ပါတယ်။

မတ်၊ ၂၀၁၆ - ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှီ လေဆိပ်နဲ့ ရထားဘူတာရုံမှာ အသေခံဗုံးခွဲမှုတွေ ဖြစ်ခဲ့ပြီး လူ ၃၂ ဦး သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၁၄၊ ၂၀၁၆ - ပြင်သစ်နိုင်ငံတောင်ပိုင်း နိစ်မြို့မှာ Bastille Day အခမ်းအနား ကျင်းပနေတဲ့ လူအုပ်အတွင်း လော်ရီကားဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့မှုကြောင့် လူ ၈၀ ကျော် သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၁၈ - ၂၄၊ ၂၀၁၆ - ဂျာမနီနိုင်ငံတောင်ပိုင်းရှိ နေရာတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၂၆၊ ၂၀၁၆ - ပြင်သစ်နိုင်ငံရှိ ခရစ်ယာန်ဘုရားကျောင်းမှာ ဓားဖြင့်တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးတစ်ဦး သေဆုံးခဲ့ပါတယ်။
Source & Photo: BBC, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ