AD
AD
AD

အမေရိကန်ဆီးနိတ်လွှတ်တော်က စီအိုင်အေညွန်ကြားရေးမှူး မိုက်ခ် ပွန်မ်ပီအိုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဧပြီ ၂၆ ရက်မှာ အတည်ပြု ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။

play
နိုင်ငံခြားရေးဝန်ကြီးအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုနေသည့် မိုက်ခ် ပွန်မ်ပီအို


သမ္မတဒေါ်နယ်ထရန့်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် မိုက်ခ် ပွန်မ်ပီအိုကို အမည်စာရင်းတင်သွင်းမှုကို ဒီမိုကရက်တစ်တို့က ကန့်ကွက်မှုတွေ ရှိခဲ့ပေမဲ့လည်း လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့ပါတယ်။ ဆီးနိတ်လွှတ်တော်မှာ ပွန်မ်ပီအိုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် အတည်ပြုခန့်အပ်ရန် မဲခွဲဆုံးဖြတ်ခံရာ ထောက်ခံမဲ ၅၇ မဲ၊ ကန့်ကွက်မဲ ၄၇ မဲဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း သိရပါတယ်။

play
သမ္မတထရန့်နှင့်အတူတွေ့ရသည့် မိုက်ခ် ပွန်မ်ပီအို


၎င်းဟာ ပြီးခဲ့တဲ့လအတွင်း သမ္မတထရန့်က နိုင်ငံခြားရေးဝန်ကြီးအဖြစ်ကနေ ထုတ်ပယ်ခဲ့တဲ့ ရက်ဇ်တီလာဆန်ရဲ့ နေရာကိုဆက်ခံခဲ့တာ ဖြစ်ပါတယ်။ ပွန်မ်ပီအိုဟာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပြီးနောက် ယခုသီတင်းပတ်ကုန် ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်သွားမယ့် NATO အဖွဲ့ဝင် နိုင်ငံများရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အမေရိကန် ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်တက်ရောက်မှာ ဖြစ်ပါတယ်။

play
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် ပွန်မ်ပီအို


ဒါ့အပြင် လာမယ့် ဇွန်လအစောပိုင်းမှာ ပြုလုပ်သွားရန် ရည်ရွယ်ထားတဲ့ သမ္မတထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ထိပ်သီးတွေ့ဆုံမှုကိုလည်း ပွန်မ်ပီအိုက စီစဉ်သွားမှာဖြစ်ပါတယ်။

ပွန်မ်ပီအိုဟာ အဆိုပါ ထိပ်သီးတွေ့ဆုံပွဲအတွက် ပြင်ဆင်မှုအဖြစ် မြောက်ကိုရီးယားသို့သွားရောက်ခဲ့ပြီး ကင်မ်ဂျုံအန်နဲ့ လျှို့ဝှက်ဆွေးနွေးခဲ့ကြောင်းလည်း အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ပွန်မ်ပီအိုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် အတည်ပြုခန့်အပ်ပြီးနောက်မှာတော့ ကင်မ်ဂျုံအန်နဲ့ တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတွေကို အမေရိကန်သမ္မတအိမ်ဖြူတော်က ထုတ်ပြန်လိုက်ပါတယ်။

စီအိုင်အေညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပွန်မ်ပီအိုဟာ သဘောထားတင်းမာတဲ့ ရှေးရိုးဆန်သူဖြစ်ပြီး ကန်းဆက်ပြည်နယ် လွှတ်တော်အမတ်ဟောင်းလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD