AD
AD
AD

ကမ္ဘာ့အကြီးဆုံး အင်တာနက်အသုံးပြုသူများရှိနေတဲ့ တရုတ်ဈေးကွက်ဟာ Facebook အတွက် ရတနာသိုက်ကြီး ဖြစ်ပေမယ့် ၂၀၀၉ ခုနှစ်ကစပြီး တရုတ်ဈေးကွက်မှာ Facebook အတွက် နေရာမရှိတော့ပါဘူး။ Facebook ဟာ ဒီဈေးကွက်ထဲကို ပြန်ရောက်ဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပြီး အခုတစ်ကြိမ်မှာတော့ ရှန်ဟိုင်းမှာ ရုံးစိုက်ပြီး hardware ပိုင်းပစ္စည်းတွေ ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်နေပါတယ်။

play

 

Facebook အနေနဲ့ ရှန်ဟိုင်းမှာ ရုံးဖွင့်နိုင်ဖို့  နေရာရှာနေပေမယ့် ဒီသတင်းဟာ လူသိရှင်ကြားကြေငြာထားတဲ့ သတင်းမဖြစ်သေးပါဘူး။ တကယ်လို့ ရှန်ဟိုင်းမှာ ရုံးဖွင့်မယ်ဆိုရင် တရုတ်အစိုးရရဲ့ ခွင့်ပြုချက် ရယူရဦးမှာ ဖြစ်ပါတယ်။ ယခုသတင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တရုတ်ဈေးကွက်ထဲမှာ Facebook ပိုင် လူမှုကွန်ရက်အက်ပလီကေးရှင်းသစ်တစ်ခု ဖြန့် ချိခဲ့တယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် ဒီသတင်းကြားလာရတာ ဖြစ်ပါတယ်။

 

တရုတ်ဈေးကွက်ထဲ ရောက်နေတယ်လို့ သတင်းထွက်နေတဲ့ Facebook ပိုင် အက်ပလီကေးရှင်းကတော့ Colorful Balloons ဆိုတဲ့ photo-sharing အက်ပလီကေးရှင်းဖြစ်ပြီး  တရုတ်ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခု ဖြစ်တဲ့ Youge Internet Technology  ကနေတစ်ဆင့် ဖြန့် ချိခဲ့တာပါ။ ဒီအက်ပလီကေးရှင်းဟာ ဒီနှစ်မေလထဲမှာ တရုတ်ဈေးကွက်ထဲ ရောက်လာတာ ဖြစ်ပြီး အတော်များများက ရုတ်တရပ်သတိမထားခဲ့ကြပါဘူး။

 

ဒီလူမှုကွန်ရက်အက်ပလီကေးရှင်းဟာ တရုတ်အစိုးရအဖွဲ့ ရဲ့ ခွင့်ပြုချက် ရသွားခဲ့ပုံရပါတယ်။ အကြောင်းကတော့ အခုထက်ထိ ဒီအက်ပလီကေးရှင်းကို တရုတ်ဘက်မှ အရေးယူခဲ့တာမျိုး မရှိသေးတာကြောင့်ပါပဲ။ ဒီအချက်ဟာ တရုတ်ဈေးကွက်ထဲကို တကျော့ပြန်လာချင်တဲ့ Facebook အတွက် သတင်းကောင်းလို့ ဆိုရမှာပါ။ အရင်ကတည်းက Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ခ် ကိုယ်တိုင် မန်ဒရင်းတရုတ်ဘာသာစကားကို သင်ကြားပြီးတရုတ်အာဏာပိုင်များနဲ့ အကြိမ်ကြိမ်တွေ့ ဆုံဆွေးနွေးနိုင်ဖို့ အကြိမ်ကြမ် ကြိုးပမ်းခဲ့ပေမယ့် ဈေးကွက်ထဲ ပြန်ဝင်ဖို့ အဆင်မပြေခဲ့ပါဘူး။

play

 

Facebook ဟာ သူ့ ရဲ့ hardware ထုတ်ကုန်သစ်တွေကို အင်တာနက်သုံးစွဲသူ ၇၇၁.၉ သန်းကျော် ရှိတဲ့ တရုတ်ဈေးကွက်မှာသာ ထုတ်လုပ်သွားနိုင်မယ်ဆိုရင် ဒါဟာ ဆယ်စုနှစ်တစ်ခုနီးပါး တရုတ်ဈေးကွက်နဲ့ ကင်းကွာသွားခဲ့တဲ့ Facebook အတွက် ပြောင်မြောက်တဲ့ အောင်ပွဲတစ်ရပ်လည်း ဖြစ်သွားမှာပါ။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD