AD
AD
AD

ထိုင်းနိုင်ငံမှာ ၁၄ နှစ်ကျော် တိမ်းရှောင်ခိုအောင်းနေခဲ့တဲ့ ဂျပန်နိုင်ငံမှ ယာကူဇာ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ဦးကို ၎င်းရဲ့တက်တူးပုံများ Facebook မှာ ပျံ့နှံ့ခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

လက်ရှိမှာ အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင် ရှီဂီဟာရူ ရှီရီအီကို ထိုင်းရဲတပ်ဖွဲ့ရဲ့ SWAT အဖွဲ့က ယနေ့ (ဇန်နဝါရီ ၁၁ ရက်) မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

play


ယာကူဇာဂိုဏ်းခေါင်းဆောင် ရှီဂီဟာရူကို ထိုင်းနိုင်ငံအလယ်ပိုင်းရှိ Lobburi ဒေသမှာ ဈေးဝယ်ထွက်လာစဉ် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ရှီဂီဟာရူဟာ ၂၀၀၃ ခုနှစ်က ပြိုင်ဘက် ဂိုဏ်းခေါင်းဆောင်တစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့မှုဖြင့် ဂျပန် အာဏာပိုင်တွေက အလိုရှိနေခဲ့သူလည်း ဖြစ်ပါတယ်။ ပြိုင်ဘက်ဂိုဏ်းခေါင်းဆောင်ကို ပစ်သတ်ခဲ့ပြီးနောက် ရှီဂီဟာရူဟာ ထိုင်းနိုင်ငံကို ထွက်ပြေးသွားခဲ့ပါတယ်။

ထို့နောက် ထိုင်းအမျိုးသမီးနဲ့ လက်ထပ်ခဲ့ပြီး ယာကူဇာဂိုဏ်းခေါင်းဆောင်တစ်ဦးအဖြစ်မှ အနားယူကာ ထိုင်းနိုင်ငံမှာ ၁၄ နှစ်ကျော် ခိုအောင်းနေထိုင်နိုင်ခဲ့ပါတယ်။

play


ရှီဂီဟာရူရဲ့ ခန္ဓာကိုယ်ပေါ်မှ ယာကူဇာဂိုဏ်း တက်တူးပုံတွေကို ဒေသခံ ထိုင်းလူမျိုးတစ်ဦးက ဓာတ်ပုံရိုက်ပြီး Facebook မှာ လွှင့်တင်ခဲ့ရာက ပျံ့နှံ့သွားခဲ့ရာ ဂျပန်ရဲတပ်ဖွဲ့က သတိပြုမိခဲ့တာ ဖြစ်ပါတယ်။ ထို့နောက် ဂျပန်အာဏာပိုင်တွေက ထိုင်းရဲတပ်ဖွဲ့ထံ ရှီဂီဟာရူကိုဖမ်းဆီးရန် အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ရှီဂီဟာရူဟာ ခန္ဓာကိုယ်မှာ ယာကူဇာတက်တူးများ ရှိနေသလို ၎င်းရဲ့ လက်သန်းတစ်ချောင်းလည်းကိုလည်း အဖြတ်ခံထားရသူ ဖြစ်ပါတယ်။ ဂျပန်ယာကူဇာဂိုဏ်းဝင်တွေဟာ ဂိုဏ်းရဲ့စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ပြီး ပြစ်မှုတစ်ခု ကျူးလွန်မိပါက လက်ချောင်းတစ်ချောင်းရဲ့ ထိပ်ပိုင်းနေရာ အဖြတ်ခံရလေ့ရှိပါတယ်။

play


"ရှီဂီဟာရူက သူဟာ ဂျပန်ယာကူဇာဂိုဏ်းခွဲ ကိုဒိုကာအီရဲ့ ခေါင်းဆောင်ဖြစ်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုထားပါတယ်" လို့ ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး ဝီရာချိုင်း ဆွန်မတ်တာက ပြောပါတယ်။

ပြိုင်ဘက် ဂိုဏ်းခေါင်ဆောင်ကို ပစ်သတ်ခဲ့မှုဖြင့် ရှီဂီဟာရူရဲ့ဂိုဏ်းမှ အဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၁၂ နှစ်နဲ့ ၁၇ နှစ်ကြား ချမှတ်ခဲ့ပေမဲ့ ရှီဂီဟာရူကတော့ ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD