play
ကိုလံဘီယာသမ္မတ (ဝဲဘက်) နှင့် FARC ခေါင်းဆောင်တို့ ငြိမ်းချမ်းရေး သဘောတူချက် လက်မှတ်ရေးထိုးစဉ်


ကိုလံဘီယာနိုင်ငံမှာ အင်အားအကြီးဆုံး သူပုန်အဖွဲ့ FARC က လက်နက်စွန့်လွှတ်ခဲ့ပြီးနောက် နိုင်ငံရေးပါတီသစ်ကို တရားဝင် တည်ထောင်လိုက်ပြီ ဖြစ်ပါတယ်။ FARC က ၎င်းတို့ရဲ့ နိုင်ငံရေးပါတီသစ်ရဲ့ အမည်နဲ့ အမှတ်တံဆိပ်ကို ကြာသပတေးနေ့ (သြဂုတ် ၃၁ ရက်) မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။

 

FARC ရဲ့ နိုင်ငံရေးပါတီသစ် အမည်မှာ "Fuerza Alternativa Revolucionaria del Común" သို့မဟုတ် "Common Alternative Revolutionary Force" ဖြစ်ပါတယ်။

FARC က နိုင်ငံရေးပါတီ တည်ထောင်မှု ကြေညာချက်ကို ဘိုဂိုတာမြို့မှာ တစ်ပတ်နီးပါးကြာ ကျင်းပပြုလုပ်နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နေစဉ် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ နိုင်ငံရေးဆွေးနွေးပွဲဟာ ယနေ့ (စက်တင်ဘာ ၁ ရက်) မှာ ပြီးဆုံးမယ်လို့ သိရပါတယ်။

play
ကျူးဘားနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့စဉ်


နှစ်ပေါင်း ၅၀ ကျော်ကြာ အစိုးရနဲ့ တိုက်ပွဲများဖြစ်ခဲ့တဲ့ FARC သူပုန်အဖွဲ့ဟာ ယခုအခါမှာတော့ ကိုလံဘီယာ လွှတ်တော်မှာ အမတ်နေရာတွေ ရရှိလာနိုင်မှာလည်း ဖြစ်ပါတယ်။

FARC ဟာ လာမယ့် ၂၀၁၈ ခုနှစ် ကိုလံဘီယာ သမ္မတရွေးကောက်ပွဲမှာ မဟာမိတ်အုပ်စုဖွဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်းခြင်းရှိ မရှိ စောင့်ကြည့်ရမယ်လို့ သတင်းတွေက သုံးသပ်ထားပါတယ်။

FARC သူပုန်အဖွဲ့ ခေါင်းဆောင်တွေဟာ အစိုးရအဖွဲ့မှာ ပါဝင်နိုင်ရန်အတွက် ၎င်းတို့အပေါ် တရားစွဲဆိုထားမှုတွေကနေ ကင်းရှင်းအောင် လုပ်ဆောင်ရအုံးမှာလည်း ဖြစ်ပါတယ်။

ကိုလံဘီယာအစိုးရနဲ့ FARC တို့ကြား ပထမဆုံး ရရှိခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့ရာ မဲဆန္ဒရှင်တွေက ပယ်ချခဲ့ကြပါတယ်။

play
FARC သူပုန်တပ်ဖွဲ့ဝင်များ


သို့သော် ဆက်လက် ဆွေးနွေးပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ ကိုလံဘီယာအစိုးရနဲ့ FARC သူပုန်အုပ်စုကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ကျူးဘားနိုင်ငံမှာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရပါတယ်။

ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့မှုကြောင့် ကိုလံဘီယာသမ္မတ ဂျူအန်မန်နျူရယ် ဆန်းတို့စ်ကို ငြိမ်းချမ်းရေးနိုးဘယ်ဆု ချီးမြှင့်ခဲ့ပါတယ်။

FARC သူပုန်အဖွဲ့က ပြီးခဲ့တဲ့ တစ်လနီးပါးမှာ အပြီးသတ် လက်နက်စွန့်ခဲ့တာ ဖြစ်ပါတယ်။ ကိုလံဘီယာမှာ အစိုးရနဲ့ FARC သူပုန်တို့ကြား နှစ်ပေါင်း ၅၀ ကျော်ကြာ တိုက်ပွဲများကြောင့် လူပေါင်း ၂၂၀,၀၀၀ သေဆုံးခဲ့ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video