play


FBI ဝန်ထမ်းတစ်ဦးက တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ခဲ့မှုအတွက် ဝန်ခံခဲ့ကြောင်း အမေရိကန်က ပြောပါတယ်။ ကွန်ရှန်ချွန်း အမည်ရှိ တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသားက အလွန်အရေးပါတဲ့ ထိပ်တန်လျှို့ဝှက်အဆင့် သတင်းအချက်အလက်တွေကို တရုတ်အစိုးရ တာဝန်ရှိသူတွေထံ ပေးပို့ခဲ့ကြောင်း တရားရုံးမှာ ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရပါတယ်။

play
FBI ဝန်ထမ်း ကွန်ရှန်ချွန်း


ကွန်ရှန်ချွန်းက လိမ်ညာသစ္စာဖောက်ခဲ့ပြီး နိုင်ငံရဲ့လုံခြုံရေးကို ခြိမ်းခြောက်ခဲ့သူဖြစ်ကြောင်း အမေရိကန်ရှေ့နေက ပြောပါတယ်။ ကွန်ရှန်ချွန်းဟာ ယခုအချိန်မှာ ၎င်းရဲ့ လုပ်ရပ်အတွက် အလွန်နောင်တရနေပြီး အမေရိကန်ကို ချစ်မြတ်နိုးကြောင်း ၎င်းရဲ့ရှေ့နေက ဆိုပါတယ်။ ယခု ပြစ်မှုအတွက် ကွန်ရှန်ချွန်းဟာ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ကြောင်းလည်း သိရပါတယ်။

play


ဝါရှင်တန်ရှိ တရုတ်သံရုံးကတော့ ကွန်ရှန်ချွန်းကိစ္စကို မှတ်ချက်တစ်စုံတရာ ပြောကြားခြင်း မရှိသေးပါဘူး။ အသက် ၄၆ နှစ်အရွယ် ကွန်ရှန်ချွန်းက FBI မှာ အီလက်ထရောနစ် အင်ဂျင်နီယာအဖြစ် ၁၉၉၇ ခုနှစ်မှာ အလုပ်စဝင်ခဲ့ပြီး ယခုနှစ် မတ်လအတွင်း အဖမ်းခံချိန်အထိ FBI ဝန်ထမ်းဖြစ်ခဲ့ပါတယ်။

play


၎င်းဟာ ၂၀၁၁ ခုနှစ်က အီတလီနဲ့ ပြင်သစ် ခရီးစဉ်အတွင်း တရုတ်အစိုးရ အရာရှိတစ်ဦးနဲ့ မိတ်ဆက်သိကျွမ်းခဲ့ပြီးနောက် သီးသန့် တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကွန်ရှန်ချွန်းက အမေရိကန်အစိုးရဲ့ အရေးပါတဲ့ သတင်းအချက်အလက်တွေကို တရုတ်အစိုးရထံ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ထိုသို့ ဆောင်ရွက်မှုအတွက် ကွန်ရှန်ချွန်းဟာ တရုတ်နည်းပညာကုမ္ပဏီ Zhuhai Kolion မှာ သွယ်ဝိုက်ပိုင်ဆိုင်မှုနဲ့ အခြား အကျိုးခံစားခွင့်တွေလည်း ရရှိခဲ့ကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video