AD
AD
AD

င်္FBI ကို လိမ်လည်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တဲ့ မိုက်ကယ်ဖလင်း


အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိဟောင်း မိုက်ကယ်ဖလင်းက FBI ကို လိမ်လည်ခဲ့ကြောင်း တရားရုံးမှာ ဝန်ခံထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

မိုက်ကယ်ဖလင်းဟာ ထရန့် သမ္မတအဖြစ် တာဝန်လွှဲပြောင်းခြင်းမပြုမီ ရက်သတ္တပတ်အလိုက ရုရှားသံတမန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့မှုနဲ့ ပတ်သက်ပြီး FBI ကို လိမ်လည်ခဲ့တာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့ဝင်မဖြစ်မီ ရုရှားသံတမန်နဲ့ နိုင်ငံရေးကိစ္စ တွေ့ဆုံဆွေးနွေးမှုဟာ သာမန်အရပ်သားတစ်ဦးက အမေရိကန် သံတမန်ရေးကိစ္စမှာ ဝင်ရောက်စွက်ဖက် ဆောင်ရွက်ခဲ့မှုဖြစ်ပြီး ဥပဒေချိုးဖောက်ရာရောက်တယ်လို့ ဆိုပါတယ်။

play
တရားရုံးမှ ပြန်လည်ထွက်ခွာလာသည့် မိုက်ကယ်ဖလင်း


မိုက်ကယ်ဖလင်းက FBI ကို လိမ်လည်ခဲ့ကြောင်း အထူးရှေ့နေ့ ရောဘတ်မူလာက စွဲချင်တင်ခဲ့ပြီး ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက်စွက်ဖက်ခဲ့မှုအပေါ် စုံစမ်းစစ်ဆေးနေမှုမှာ ပါဝင်နေတဲ့ လုပ်ဆောင်မှုလည်း ဖြစ်ပါတယ်။

မိုက်ကယ်ဖလင်းဟာ ထရန့် အနိုင်ရခဲ့တဲ့ သမ္မတရွေးကောက်ပွဲကို ရုရှားက ဝင်ရောက်စွက်ဖက်ခဲ့မှုအပေါ် စုံစမ်းစစ်ဆေးမှုအတွင်း စွဲချက်တင်ခံရတဲ့ ရာထူးအမြင့်ဆုံး အစိုးရအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်လာပါတယ်။

မိုက်ကယ်ဖလင်းက ယခု စုံစမ်းစစ်ဆေးမှုမှာ အထူးရှေ့နေ ရောဘတ်မူလာနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။

play
သမ္မတထရန့်နှင့် မိုက်ကယ်ဖလင်း


မိုက်ကယ်ဖလင်းကို ဝါရှင်တန်ဒီစီရှိ ပြည်ထောင်စုတရားရုံးမှာ ကြားနာစစ်ဆေးခဲ့ရာ FBI ထံမှာ လုပ်ကြံဖန်တီးထားတဲ့ လိမ်လည်ထွက်ဆိုမှုတွေ ထွက်ဆိုခဲ့ကြောင်း ၎င်းက ဝန်ခံခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဖြစ်ပြီး ထရန့်ရဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖွဲ့မှာလည်း ပါဝင်ခဲ့တဲ့ မိုက်ကယ်ဖလင်းရဲ့ ယခုအမှုကိစ္စဟာ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်တယ်လို့ ABC News က ဆိုပါတယ်။

တရားရုံးမှာရှိနေခဲ့တဲ့ AFP သတင်းထောက်တစ်ဦးရဲ့ ပြောကြားမှုအရတော့ မိုက်ကယ်ဖလင်းက အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုပြီး အသနားခံလျှောက်ထားမှုကို တရားရုံးက လက်ခံခဲ့ပြီး အမှုရင်ဆိုင်ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။

play
ရွေးကောက်ပွဲမှာ ရုရှား စွက်ဖက်ခဲ့မှုကို ဦးဆောင်စစ်ဆေးနေသည့် ရောဘတ်မူလာ


မိုက်ကယ်ဖလင်းက အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက်စွက်ဖက်ခဲ့မှုအပေး စုံစမ်းစစ်ဆေးရာမှာ သမ္မတထရန့်နဲ့ ပတ်သက်ပြီး သက်သေထွက်ဆိုမယ်လို့လည်း သတင်းတွေက ပြောပါတယ်။

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထရန့် အနိုင်ရစေရန် ရုရှားဟက်ကာတွေက ကူညီပေးခဲ့ကြောင်း သတင်းထွက်ပေါ်နေခဲ့ပါတယ်။ မိုက်ကယ်ဖလင်းဟာ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိအဖြစ် ဇန်နဝါရီ ၂၀ ရက်မှာ တရားဝင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၃ ပတ်နဲ့ ၂ ရက်အကြာ ဖေဖေါ်ဝါရီ ၁၃ ရက်မှာ ရာထူးမှနုတ်ထွက်ခဲ့ပါတယ်။

၎င်းဟာ အမေရိကန်ရဲ့ ၂၅ ယောက်မြောက် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ဖြစ်ခဲ့ပါတယ်။ မိုက်ကယ်ဖလင်းဟာ အမေရိကန်စစ်တပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၈ ယောက်မြောက် ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးအေဂျင်စီ ညွန်ကြားရေးမှူးအဖြစ်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD