AD
AD
AD

မလေးရှားနိုင်ငံရဲ့ အကြီးဆုံး အစိုးရဆေးရုံရှိ မှုခင်းဆေးပညာဌာနမှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် လူနာများ၊ ဝန်ထမ်းများနဲ့ ဆေးရုံမှာရှိနေသူများကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

play


ယနေ့ (မတ်လ ၁၇ ရက်) မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ကွာလာလမ်ပူဆေးရုံ (Hospital Kuala Lumpur) ရဲ့ မှုခင်းဆေးပညာဌာနာဟာ ယမန်နှစ်အတွင်းက ကွာလာလမ်ပူလေဆိပ်မှာ VX အဆိပ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးခဲ့သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ အဖေတူအမေကွဲ ညီအစ်ကိုတော်စပ်သူ ကင်မ်ဂျုံနမ်ရဲ့ အလောင်းကို စစ်ဆေးခဲ့စဉ်က ကမ္ဘာတစ်ဝှမ်းမှ စိတ်ဝင်စားခံခဲ့ရပါတယ်။

play


မီးသတ်တပ်ဖွဲ့က ဆေးရုံမီးလောင်မှုကို ငြှိမ်းသတ်ခဲ့ကြောင်းနဲ့ သေဆုံးဒဏ်ရာရသူ မရှိခဲ့ကြောင်း ဆေးရုံအာဏာပိုင်တွေက ပြောပါတယ်။ Facebook နဲ့ Twitter မှာ လွှင့်တင်ခဲ့တဲ့ ဓာတ်ပုံတွေအရ ဆေးရုံဝန်ထမ်းတွေက လူနာအများအပြားကို လူနာတင်ထမ်းစင်နဲ့ ဘီးတပ်ကုလားထိုင်တို့ဖြင့် ရွှေ့ပြောင်းပေးနေတာ တွေ့ရပါတယ်။

"မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုကို စစ်ဆေးနေဆဲဖြစ်ပါတယ်၊ နောက်ထပ် သတင်းအချက်အလက်ကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားမှာပါ" လို့ ဆေးရုံညွှန်ကြားရေးမှူး ဒေါက်တာနူးရ်အက်ခ်မာဘင်တီ ယူဆွတ်ဖ်က ပြောပါတယ်။

play


ကွာလာလမ်ပူမြို့မှာ လူသေဆုံးမှုများတဲ့ မီးလောင်မှုအဖြစ် ယမန်နှစ်အတွင်း အစ္စလာမ်ဘာသာရေးကျောင်း မီးလောင်မှုဖြစ်ခဲ့ရာ ဆယ်ကျော်သက် ယောက်ျားလေးအများစု အပါအဝင် လူ ၂၃ ဦး သေဆုံးခဲ့ဖူးပါတယ်။

ယနေ့ ဖြစ်ပွားတဲ့ ကွာလာလမ်ပူဆေးရုံ မီးလောင်မှုဟာ ဆေးရုံရဲ့ အမျိုးသားမှုခင်းဆေးပညာဌာန (National Institute of Forensic Medicine) မှ စတင်ခဲ့ခြင်းဖြစ်တယ်လို့ ယုံကြည်ရကြောင်း ဒေါက်တာယူဆွတ်ဖ်က ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD