AD
AD
AD

အမေရိကန်နိုင်ငံတစ်ဝှမ်း အီးကိုလီ (E. coli) ဘက်တီးရီးယား ပျံ့နှံ့ပါဝင်နေတဲ့ မုန်ညင်းစားမိပြီး လူ ၁၂၁ ဦး နေမကောင်းဖြစ်ခဲ့ရာမှ ပထမဆုံး သေဆုံးသူရှိလာခဲ့ကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက မေလ ၂ ရက်မှာ ပြောခဲ့ပါတယ်။

play


E. coli ဘက်တီးရီးယား ပျံ့နှံ့မှုကြောင့် ပထမဆုံး သေဆုံးခဲ့သူရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ချက်ချင်း ထုတ်ပြန်ခဲ့ခြင်း မရှိသေးဘဲ သေဆုံးသူဟာ ကယ်လီဖိုးနီးယားပြည်နယ်မှ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လအတွင်း အမေရိကန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အာရီဇိုနားပြည်နယ် ယူမာမြို့မှာ စိုက်ပျိုးထားတဲ့ မုန်ညင်းဖြူတွေကို စားသုံးခြင်းမပြုကြရန် သတိပေးခဲ့ပါတယ်။

play


တာဝန်ရှိသူတွေက E. coli စတင်ပျံ့နှံ့ခဲ့တဲ့နေရာကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ ကျွမ်းကျင်သူတွေက အာရီဇိုးနားပြည်နယ် ယူမာမြို့ရှိ Harrison Farm စိုက်ပျိုးရေးခြံမှ စိုက်ပျိုးထွက်ရှိတဲ့ မုန်ညင်းတွေမှာ E. coli ဘက်တီးရီးယား ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိထားပေမဲ့ စတင်ပျံ့နှံ့မှုဖြစ်ခဲ့တဲ့ နေရာကိုတော့ မသိနိုင်သေးကြောင်း ပြောပါတယ်။

ကနဦးသတင်း - အမေရိကန်မှာ အီးကိုလီပိုးပါဝင်နေတဲ့ မုန်ညင်းစားမိသူ ၉၈ ဦး နေမကောင်းဖြစ်

Harrison Farm စိုက်ပျိုးရေးခြံ တည်ရှိရာဧရိယာအတွင်း အခြား စိုက်ပျိုးရေးခြံ နှစ်ဒါဇင်မှာလည်း စစ်ဆေးနေကြောင်း သိရပါတယ်။ ဓာတ်ခွဲခန်းစစ်ဆေးမှုတွေအရ မုန်ညင်းတွေမှာ ပါဝင်နေတဲ့ E. coli O157:H7 ကနေ Shiga-toxin ခေါ် အဆိပ်အတောက်တစ်မျိုး ထွက်ရှိလာကြောင်း တွေ့ရပါတယ်။

play


အဆိုပါ အဆိပ်အတောက်က လူတွေကို နေမကောင်းဖြစ်စေပြီး ဆေးရုံတက်ကုသမှု ခံယူခဲ့ရကြောင်း ရောဂါထိန်းချုပ်ရေးဌာနက ပြောခဲ့ပါတယ်။ ယခုဖြစ်ပွားနေတဲ့ E. coli ဘက်တီးရီးယား ပျံ့နှံ့မှုဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း အမေရိကန်မှာ အများဆုံးဖြစ်ကြောင်းလည်း သိရပါတယ်။

၂၀၀၆ ခုနှစ်က အမေရိကန်တစ်ဝှမ်း E. coli ဘက်တီးရီးယား ပျံ့နှံ့ပါဝင်တဲ့ ဟင်းနုနွယ်ရွက်စားသုံးခဲ့သူ ၂၀၀ ကျော် နေမကောင်းဖြစ်ခဲ့ကြပါတယ်။ E. coli ဘက်တီးရီးယား ကူးစက်ခံရပါက အများအားဖြင့် ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ အော့အန်ခြင်း လက္ခဏများ ခံစားရလေ့ရှိကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD