AD
AD
AD

ပါကစ္စတန်နိုင်ငံ ကက်ရှ်မီးယားဒေသရှိ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်ကြတဲ့ နေရာတစ်ခုမှာ တံတားတစ်စင်းပြိုကျမှုအတွင်း တက္ကသိုလ်ကျောင်းသူကျောင်းသား ငါးဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ၁၂ ဦး ပျောက်ဆုံးနေခဲ့ကြောင်း သိရပါတယ်။

play


တနင်္ဂနွေနေ့ (မေလ ၁၃ ရက်) မှာ ဖြစ်ပွားခဲ့တဲ့ တံတားပြိုကျမှုအတွင်း ပျောက်ဆုံးနေသူတွေကို အသက်ရှင်လျက် ပြန်လည်ရှာတွေ့နိုင်ရန် မျှော်လင့်ချက်နည်းသွားခဲ့ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

တံတားဟာ တောင်တန်းထူထပ်တဲ့ Neelum ဒေသ လျှိုမြောင်တစ်ခုအပေါ်မှာ ဆောက်လုပ်ထားခြင်းဖြစ်ပြီး တက္ကသိုလ်ကျောင်းသူကျောင်းသား ၃၆ ဦးခန့်က တံတားပေါ်မှဖြတ်သန်းကာ ရေတံခွန်တစ်ခုကို ကြည့်ရှုနေကြစဉ် ပြိုကျခဲ့တာဖြစ်ပါတယ်။

play


"ကျွန်တော်တို့ ယောက်ျားလေး အလောင်းလေးလောင်းနဲ့ မိန်းကလေးအလောင်းတစ်လောင်းကို ပြန်ရှာတွေ့ခဲ့ပါတယ်၊ နောက် ၁၂ ယောက်က ပျောက်နေပါတယ်၊ အောက်ဘက်က စီးဆင်းနေတဲ့ စမ်းချောင်းရေက အရမ်းအေးနေတော့ ပျောက်နေသူတွေကို အသက်ရှင်လျက်ပြန်တွေ့ဖို့ မျှော်လင့်ချက်မရှိသလောက်ပါပဲ" လို့ ပါကစ္စတန် ကက်ရှ်မီးယားဒေသမြို့တော် မူဇက်ဖာရာဘတ်ဒ်ရှိ အကြီးတန်း အစိုးရတာဝန်ရှိသူ ချောင်ဒရီအမ်တီယက်ဇ်က ပြောခဲ့ပါတယ်။

play


တံတားပြိုကျမှုအတွင်း အခြား တက္ကသိုလ်ကျောင်းသူကျောင်းသားရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။ ဒေသခံရဲတပ်ဖွဲ့မှ ရဲအရာရှိ စလင်းမ် ဒူရန်နီကလည်း တံတားပြိုကျမှုအတွင်း အလောင်းပြန်ရခဲ့တဲ့ သေဆုံးသူအရေအတွက်ကို အတည်ပြုခဲ့ပါတယ်။

play


အာဏာပိုင်တွေက Neelum ဒေသရှိ လာရောက်လည်ပတ်ကြတဲ့ နေရာများမှာ တည်ဆောက်ထားတဲ့ တံတားတွေဟာ လူငါးဦး တစ်ပြိုင်နက်ဖြတ်သန်းနိုင်ရန်သာ ခံနိုင်ရည်ရှိကြောင်းနဲ့ တံတားများပေါ်မှ လူနည်းနည်းစီသာ ဖြတ်သန်းကြရန် တံတားများအနီး သတိပေးဆိုင်းဘုတ်များ ထားရှိခဲ့ကြကြောင်း သိရပါတယ်။

play


"တံတားပေါ်ကို လူ ၄၀ လောက်အထိ တစ်ချိန်တည်းမှာ ဖြတ်သန်းခဲ့တာကြောင့် ပြိုကျသွားခဲ့တာပါ၊ ဒီတံတားတွေက အဲဒီလောက် အလေးချိန်ကို ခံနိုင်ရည်မရှိပါဘူး" လို့ ရဲအရာရှိ စလင်မ်းက ပြောပါတယ်။ တံတားပြိုကျမှုဖြစ်ခဲ့တဲ့ ကက်ရှ်မီးယားဒေသဟာ ဟိမဝန္တာနယ်မြေမှရှိပြီး သာယာလှပတဲ့ သဘာဝရှုခင်းတွေကြောင့် ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားပေမဲ့ အခြေခံအဆောက်အအုံ လိုအပ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ကက်ရှ်မီးယားဒေသ (Kashmir)

ကက်ရှ်မီးယားဒေသဟာ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယနဲ့ပါကစ္စတန်တို့ကြား ၁၉၄၇ ခုနှစ်မှာ ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရပြီးနောက် နှစ်ခြမ်းကွဲခဲ့ပါတယ်။ နှစ်နိုင်ငံလုံးက ကက်ရှ်မီးယားကို အပြည့်အဝ ပိုင်ဆိုင်ကြောင်းဖြင့် အငြင်းပွားမှုတွေရှိခဲ့ပြီး ထိုဒေသအရေးနဲ့ ပတ်သက်ပြီး စစ်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

play


၁၉၈၉ ခုနှစ်မှာ ကက်ရှ်မီးယားဒေသကို လွတ်လပ်ရေးပေးရန် သို့မဟုတ် ပါကစ္စတန်နဲ့ ပေါင်းစည်းရန် စစ်သွေးကြွတွေရဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ထိုစဉ်ကတည်းက ကက်ရှ်မီးယားဒေသမှာ ဖြစ်ပွားနေခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD