AD
AD
AD

ဖလော်ရီဒါပြည်နယ်မှာ လူ ၁၇ ဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အထက်တန်းကျောင်းမှ ကျောင်းသူကျောင်းသားများအား အတွင်းကိုထွင်းဖောက်မြင်ရတဲ့ ကျောပိုးအိတ်များ အသုံးပြုကြရန် ကျောင်းအာဏာပိုင်တွေက ပြောထားတယ်လို့ ဆိုပါတယ်။

play


ဖလော်ရီဒါပြည်နယ် Parkland မြို့ရှိ Marjory Stoneman Douglas ကျောင်းမှ တာဝန်ရှိသူတွေက ကျောင်းသူကျောင်းသားတွေရဲ့ မိဘများထံ စာပေးပို့ခဲ့ရာမှာ ကျောင်းလုံခြုံရေး အစီအစဉ်သစ်အရ ထွင်းဖောက်မြင်ရတဲ့ ကျောပိုးအိတ်များ အသုံးပြုရန် ပြောခဲ့ကြောင်း သိရပါတယ်။

play


အတွင်းကို ထွင်းဖောက်မြင်နေရတဲ့ ကျောပိုးအိတ်မရှိတဲ့ ကျောင်းသူကျောင်းသားတွေကို ကျောပိုးအိတ်တစ်လုံး အခမဲ့ ပေးသွားမယ်လို့လည်း အထက်တန်းကျောင်းက ဆိုပါတယ်။ သို့သော် စာသင်ကျောင်းရဲ့ ယခုလုပ်ဆောင်မှုဟာ သေနတ်ထိန်းချုပ်ရေးကို မည်သို့မျှ အကျိုးမပြုနိုင်ကြောင်း ကျောင်းသူကျောင်းသားအချို့က ဝေဖန်ခဲ့ကြပါတယ်။

ကျာင်းသူကျောင်းသားတွေကို ကျောပိုးအိတ် သတ်မှတ်မှုအပြင် အဆိုပါ အထက်တန်းကျောင်းမှာ လေဆိပ်များမှာကဲ့သို့ သတ္တုပစ္စည်းစစ်ဆေးစက်တွေလည်း တပ်ဆင်ထားပြီး ကျောင်းကိုလာရောက်တဲ့ ဧည့်သည်တွေက အထူးဂိတ်ပေါက်တွေမှ ဝင်ရောက်ရမယ်လို့ သိရပါတယ်။

play


ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၄ ရက်က ဖလော်ရီဒါပြည်နယ် Parkland မြို့ရှိ Marjory Stoneman Douglas အထက်တန်းကျောင်းမှာ ကျောင်းထုတ်ခံခဲ့ရတဲ့ အသက် ၁၉ နှစ်အရွယ် နီကိုလက်စ် ခရုဇ်အမည်ရှိ ကျောင်းသားက ပစ်ခတ်ခဲ့မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။

play
နီကိုလက်စ် ခရုစ်ကို တရားရုံးမှာ တွေ့ရစဉ်


အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဖလော်ရီဒါ ကျောင်းသူကျောင်းသားတွေက ဦးဆောင်ပြီး သေနတ်ထိန်းချုပ်ရေး ဥပဒေပြင်ဆင်ဆောင်ရွက်ရန် ဆန္ဒပြတောင်းဆိုမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

သေနတ်သမား နီကိုလက်စ် ခရုစ်ဟာ ပစ်ခတ်မှုမတိုင်မီ အွန်လိုင်းမှာ သံသယဖြစ်ဖွယ် ရေးသားမှုတွေရှိခဲ့ကြောင်း FBI ထံ သတင်းပေးမှုတွေရှိခဲ့ပေမဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု မရှိခဲ့တာကြောင့် ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

play
နီကိုလက်စ် ခရုစ်ရဲ့ ညီဖြစ်သူ ဇာချရီ ခရုဇ်ကို ဖမ်းဆီးထားစဉ်


လက်ရှိမှာ ဖလော်ရီဒါ အထက်တန်းကျောင်း ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ နီကိုလက်စ် ခရုစ်ကို လူသတ်မှု ၁၇ ခုဖြင့် စွဲချက်တင်ထားပြီး တရားရုံး ကြားနာစစ်ဆေးမှု လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ယခုသီတင်းပတ် အစောပိုင်းမှာ ပစ်ခတ်မှုကျူးလွန်းခဲ့တဲ့ နီကိုလက်စ် ခရုစ်ရဲ့ ညီဖြစ်သူ ဇာချရီ ခရုဇ်ကိုလည်း စာသင်ကျောင်းအတွင်း ပိုက်နက်ကျူးလွန်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ -

နှစ် ၂၀ အတွင်း အမေရိကန် စာသင်ကျောင်းပစ်ခတ်မှုများ

ပစ်ခတ်မှုတွေကို ဟန့်တားနိုင်ရန် ဆရာ၊ ဆရာမတွေ လက်နက်ကိုင်သင့်ကြောင်း ထရန့် အကြံပြု

ဖလော်ရီဒါ အထက်တန်းကျောင်းပစ်ခတ်မှုကို ဆယ်ကျော်သက်က ဝန်ခံထွက်ဆို

ဖလော်ရီဒါပစ်ခတ်မှုဖြစ်ပွားစဉ် တာဝန်ကျရဲအရာရှိက သေနတ်သမားကို ရင်ဆိုင်ဟန့်တားခြင်းမရှိခဲ့

အမေရိကမှာ သေနတ်ထိန်းချုပ်ရေးဥပဒေပြဌာန်းဖို့ ဦးဆောင်ကြိုးစားနေတဲ့ ကျောင်းသူလေး

ဖလော်ရီဒါပစ်ခတ်မှုမှာ အသက်ရှင်ခဲ့တဲ့ ကျောင်းသူကျောင်းသားများ ဝါရှင်တန်ကို ချီတက်ဆန္ဒပြမည်

ဖလော်ရီဒါ စာသင်ကျောင်းပစ်ခတ်မှုမှ သေနတ်သမားနဲ့ပတ်သက်ပြီး FBI ထံ သတင်းပေးမှုရှိခဲ့

ဖလော်ရီဒါ အထက်တန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၇ ဦး သေဆုံး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News

AD