AD
AD
AD
play

 

ကမ္ဘာကျော် ကားအမှတ်တံဆိပ် Ford က မကြာတော့တဲ့ကာလမှာ မောင်းသူမဲ့ကားတွေကို ထုတ်လုပ်သွားမှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

၂၀၂၁ ခုနှစ်မှာ ရာနှုန်းပြည့်မောင်းသူမဲ့ကားတွေကို စတင်မိတ်ဆက်မှာဖြစ်ပြီး နောက်တစ်နှစ်မှာတော့ ဈေးကွက်ကိုဖြန့်မယ်လို့ Ford ရဲ့ တာဝန်ရှိသူဖြစ်တဲ့ မာ့ခ်ဖီးလ်က ပြောပါတယ်။

Google နဲ့ပူးပေါင်းထားတဲ့ Alphabet ကုမ္ပဏီနဲ့ Apple တို့ကလည်း မောင်းသူမဲ့ကားတွေကို ထုတ်လုပ်နိုင်ဖို့ ခြေလှမ်းစတင်နေကြပါပြီ။ GM ကားကုမ္ပဏီကလည်း မောင်းသူမဲ့တက္ကစီတွေဖန်တီးနိုင်ဖို့ Lyft နဲ့ ပူးပေါင်းသွားဖို့ရှိကြောင်း ယခုနှစ်အစောပိုင်းက ပြောခဲ့ပါသေးတယ်။

Source : NYTimes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD