AD
AD
AD
play


ဖိလစ်ပိုင်မြို့တော် မနီလာရှိ ဟိုတယ်တစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးပြီး အခြား လူ ၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ယနေ့ (မတ်လ ၁၈ ရက်) ဖြစ်ပွားတဲ့ ဟိုတယ်မီးလောင်မှုအတွင်း ဟိုတယ်ရဲ့ငါးထပ်နေရာမှာ လူအချို့ ပိတ်မိခဲ့ကြောင်းလည်း ကယ်ဆယ်ရေးဌနာမှ တာဝန်ရှိသူက ပြောပါတယ်။ သေဆုံးခဲ့သူတွေဟာ မီးခိုးများကြောင့် အသက်ရှူကျပ်ပြီး သေဆုံးခဲ့ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

play


မီးလောင်မှုဖြစ်တဲ့ Manila Pavilion ဟိုတယ်အတွင်း လူ ၂၀ ခန့် ပိတ်မိခဲ့ကြောင်း မနီလာမြို့ သဘာဝဘေးအန္တရာယ် လျှော့ချရေးဆိုင်ရာ စီမံခန့်ခွဲမှုရုံးမှ အကြီးအကဲဖြစ်သူ ဂျွန်နီယုက dZMM ရေဒီယိုသတင်းဌာနကို ပြောခဲ့ပါတယ်။

play


"ဟိုတယ်ရဲ့ ငါးထပ်နေရာမှာ လူ ၁၉ ယောက်ကနေ ၂၀ အထိ ပိတ်မိနေခဲ့တယ်၊ ဒါပေမဲ့ သူတို့ အသက်ရှင်လျက်ပါပဲလို့ မီးသတ်ဌာနကနေ ကျွန်တော်တို့ သတင်းရထားပါတယ်" လို့ ၎င်းက ဆိုပါတယ်။ ဟိုတယ်မီးလောင်မှု ဖြစ်ရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။ အဆိုပါ ဟိုတယ်ကို Waterfront Philippines Inc. ရဲ့ ကုမ္ပဏီခွဲ Acesite (Phils) Hotel Corp ပိုင်ဆိုင်ကြောင်း သိရပါတယ်။

play


ဖိလစ်ပိုင်မှာ လတ်တလောနှစ်များအတွင်း လူသေဆုံးမှုများတဲ့ မီးလောင်မှုတွေအဖြစ် ၂၀၁၅ ခုနှစ်က မနီလာမြို့ရှိ ရာဘာဖိနပ်စက်ရုံမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် လူ ၇၂ ဦး သေဆုံးခဲ့ပါတယ်။

ထို့အတူ ဖိလစ်ပိုင်တောင်ပိုင်း ဒါဗာအိုမြို့မှာ ယမန်နှစ် ဒီဇင်ဘာလနှောင်ပိုင်းက ဈေးဝယ်စင်တာတစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၃၈ ဦး သေဆုံးခဲ့ပါတယ်။

ယမန်နှစ် ဇွန်လအတွင်းကလည်း Resorts World Manila ဟိုတယ်နဲ့ ကာစီနိုရုံများ တည်ရှိရာနေရာကို လက်နက်ကိုင်တစ်ဦးက မီးရှို့ခဲ့မှုကြောင့် လူ ၃၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

- နောက်ဆက်တွဲသတင်းဖတ်ရှုရန်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD