AD
AD
AD

ဂါဇာကမ်းမြောင်ဒေသမှ ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းတွေက အစ္စရေးနယ်စပ်သို့ စုရုံးချီတက်ကာ သီးတင်းခြောက်ပတ်ကြာ ဆန္ဒပြမှုကို ယနေ့ (မတ်လ ၃၀ ရက်) စတင်လိုက်ပါတယ်။

play


နယ်စပ်ခြံစည်းရိုးအနီးမှာ ပါလက်စတိုင်းများ ယနေ့ ဆန္ဒပြမှုအတွင်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ အဓိကရုဏ်များ ပေါ်ပေါက်ခဲ့ရာ လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁,၁၀၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးဒဏ်ရာရသူ အများအပြားဟာ အစ္စရေးတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ဖြစ်တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

play


အစ္စရေးစစ်တပ်က နယ်စပ်တစ်လျှောက် နေရာခြောက်ခုမှာ ဆူပူအုံကြွမှု အဓိကရုဏ်းများ ဖြစ်ပွားခဲ့ကြောင်းနဲ့ အဓိက သွေးထိုးလှုံ့ဆော်သူတွေကို ဦးတည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ပါလက်စတိုင်းတို့က နယ်စပ်အနီးမှာ ယာယီစခန်းနေရာငါးခု တည်ဆောက်ထားပြီး Great March of Return လို့ အမည်ပေးထားတဲ့ ဆန္ဒပြမှုကို စတင်ခဲ့တာဖြစ်ပါတယ်။

play


၎င်းတို့က အစ္စရေးမှာရှိနေတဲ့ ဒုက္ခသည်တွေကို နေအိမ်ပြန်ခွင့်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (Israel Defense Forces - IDF) ရဲ့ အဆိုအရ နယ်စပ်ခြံစည်းရိုးတစ်လျှောက် နေရာငါးခုမှာ ပါလက်စတိုင်း ၁၇,၀၀၀ ခန့်က နေရာယူထားပြီး ဆန္ဒပြနေကြကြောင်း သိရပါတယ်။

ဆန္ဒပြမှုများအတွင်း ဆူပူအုံကြွမှု ဖြစ်စေရန်လှုံ့ဆော်ကာ နယ်စပ်ခြံစည်းရိုးမှာ ကားတာယာများ မီးရှို့ခြင်း၊ ဓာတ်ဆီပုလင်းဗုံးများနဲ့ ကျောက်ခဲများဖြင့် ပစ်ခတ်ခြင်းတို့ လုပ်ဆောင်ခဲ့ကြသူတွေကို ဦးတည်ပစ်ခတ်ခဲ့ကြောင်း IDF က ပြောထားပါတယ်။

play


အစ္စရေးက နယ်စပ်တစ်လျှောက် တင့်ကားများနဲ့ လက်ဖြောင့်တပ်သား ၁၀၀ အသင့်ချထားပြီး မျက်ရည်ယိုဗုံးများသုံးကာ ပါလက်စတိုင်းတို့ကို နယ်စပ်ခြံစည်းရိုးအနီး ချဉ်းကပ်မလာစေရန် လုပ်ဆောင်ခဲ့ပါတယ်။ ဂါဇာဒေသမှာ လုံခြုံရေးအတွက် ဖြတ်သန်းသွားလာခွင့်မပြုရန် ပိတ်ပင်ထားတဲ့ စစ်ဘက်ဇုန်တစ်ခု သတ်မှတ်ထားကြောင်းလည်း IDF က ဆိုပါတယ်။

ယနေ့ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြအဓိကရုဏ်းများအတွင်း သေဆုံးခဲ့သူတွေအနက အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ပါဝင်တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဌာနက ပြောပါတယ်။

play


ပါလက်စတိုင်းတို့က Great March of Return အမည်ပေးထားတဲ့ ဆန္ဒပြမှုတွေကို ၁၉၇၆ ခုနှစ်က နယ်မြေသိမ်းယူမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုများအတွင်း အစ္စရေးလုံခြုံရေးတပ်ဖွဲက ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းခြောက်ဦး သေဆုံးခဲ့တဲ့ မတ်လ ၃၀ ရက်မှာ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။ ထိုနေ့ရက်ကို ပါလက်စတိုင်းတို့က Land Day လို့ သတ်မှတ်ထားကြပါတယ်။

နယ်စပ်တစ်လျှောက် ဆန္ဒပြမှုတွေကို လာမယ့် မေလ ၁၅ ရက်အထိ ပြုလုပ်သွားရန် ပါလက်စတိုင်းတို့က စီစဉ်ထားပါတယ်။ မေလ ၁၅ ရက်ကို ပါလက်စတိုင်းတို့က Nakba (ကပ်ဘေးကျတဲ့နေ့) အဖြစ် သတ်မှတ်ထားပါတယ်။

play


၁၉၄၈ ခုနှစ် မေလ ၁၅ ရက်မှာ အစ္စရေးနိုင်ငံ တည်ထောင်ခဲ့ရာမှ ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ပါလက်စတိုင်းလူမျိုး သိန်းနဲ့ချီပြီး ဖယ်ရှားခံခဲ့ရတယ်လု့ ဆိုပါတယ်။ ပါလက်စတိုင်းတို့ နေရပ်ပြန်ရေး ကာလရှည်ကြာ တောင်းဆိုနေခဲ့ကြပြီး အစ္စရေးဘက်ကတော့ ၎င်းတို့အနေနဲ့ ဂါဇာနဲ့ အနောက်ဘက်ကမ်းခြေမှာ ဖြစ်တည်လာမယ့် အနာဂတ် ပါလက်စတိုင်းနိုင်ငံမှာ အခြေချသင့်ကြောင်း ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD