International News: ချန်ဂီလေဆိပ် မြေပြင်ဝန်ထမ်းများ အလုပ်လုပ်ရန် Gear S3 စမတ်နာရီ ပေးအပ်ထား

လေဆိပ်ဝန်ထမ်းတွေကို နည်းပညာအသုံးပြုပြီး စမတ်နာရီများဖြင့် အလုပ်လုပ်စေခဲ့ရာ အချိန် ၁၀ ရာခိုင်နှုန်း သက်သာခဲ့ပါတယ်

play


စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ SATS မြေပြင်ဝန်ထမ်း ၁၃၀ အတွက် အလုပ်လုပ်ရာမှာ ပိုမိုအဆင်ပြေစေပြီး အန္တရာယ်လည်း ကင်းရှင်းစေရန် စမတ်နာရီများ ပေးအပ်ထားကြောင်း သိရပါတယ်။

ဆက်သွယ်ရေး အဆင်ပြေစေရန်နဲ့ လေကြောင်းထိန်းသိမ်းရေးမှ ညွှန်ကြားချက်တွေကို အချိန်နဲ့တစ်ပြေးညီ လက်ခံရရှိနိုင်ရန် ဝန်ထမ်း ၁၃၀ အတွက် ဆမ်ဆောင်း Gear S3 စမတ်နာရီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း Singapore Airport Terminal Services (SATS) က ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) ပြောပါတယ်။

ချန်ဂီလေဆိပ် မြေပြင်ဝန်ထမ်းများ စမတ်နာရီဖြင့် အလုပ်လုပ်


ယခင်က ဝန်ထမ်းတွေကို လုပ်ငန်းများဆောင်ရွက်ရန်အတွက် ညွှန်ကြားချက်များအား ပရင့်ထုတ်ထားတဲ့ စာရွက်ဖြင့်ပေးအပ်ပြီး ဆောင်ရွက်ခဲ့ခြင်ဖြစ်ကာ အပြောင်းအလဲရှိပါက နောက်တစ်ကြိမ် ထပ်မံ ပရင့်ထုတ်ပေးရတာကြောင့် အချိန်ပိုမိုကုန်လေ့ရှိကြောင်း SATS က ဆိုပါတယ်။ လေဆိပ်ဝန်ထမ်းတွေကို နည်းပညာအသုံးပြုပြီး စမတ်နာရီများဖြင့် အလုပ်လုပ်စေခဲ့ရာ အချိန် ၁၀ ရာခိုင်နှုန်း သက်သာခဲ့ပါတယ်။

play


ယခင်က ဝန်ထမ်းတစ်ဦးအနေနဲ့ လေကြောင်းခရီးစဉ် ၅ ခုအတွက် အလုပ်လုပ်ခဲ့တဲ့ ကြာမြင့်ချိန်အတွင်း စမတ်နာရီများ အသုံးပြုမှုကြောင့် လေကြောင်းခရီးစဉ် ၆ ခုအတွက် အလုပ်လုပ်နိုင်လာကြောင်း သိရပါတယ်။ ချန်ဂီလေဆိပ်မှ STAS ဝန်ထမ်းတွေကို စမတ်နာရီများနဲ့အတူ Bluetooth သုံး ဟန်းဆက်များလည်း ပေးအပ်ထားပြီး ဆက်သွယ်ပြောဆိုမှုအတွက် ဟန်းဆက်ကို ကိုင်စရာမလိုအပ်ဘဲ ပြောဆိုနိုင်တာကြောင့် အန္တရာယ်ပိုကင်းအောင် ကူညီနိုင်တယ်လို့ ဆိုပါတယ်။
Source & Photo: Straits Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ