play

 

ကမ္ဘာကျော် အင်တာနက်ကုမ္ပဏီ Google ကဝန်ထမ်းတစ်ဦးဖြစ်သူ မာကော့တီရဲ့ အသက်မဲ့ခန္ဓာကိုယ်ကို သစ်တောထဲမှာ တွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုလိုက်ပါတယ်။ အိမ်အနီးမှာ အပြေးလေ့ကျင့်ခန်းလုပ်စဉ် ပျောက်ဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ပျောက်ဆုံးသွားတဲ့ မာကော့တီကို သူမရဲ့မိခင်နေအိမ်အနီး သစ်တောထဲမှာ တွေ့ရတာဖြစ်ပြီး မုဒိမ်းကျင့်ခံထားရတဲ့ လက္ခဏာလည်း ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။ မက်ဆာချူးဆက်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ဟာ ပစ်မှတ်ထားပြီး တိုက်ခိုက်တာလား၊ တရားခံက သားကောင်ကို ကြုံသလို ရွေးချယ်သွားတာလား ဆိုတာကိုတော့ မသိရသေးဘူးလို့ စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။

play

 

မှုခင်းဖြစ်ပွားခဲ့တဲ့ ပရင်စတန်အရပ်က ဒေသခံတွေအားလုံး သတိရှိရှိနေကြဖို့ ရဲအရာရှိတွေကလည်း တိုက်တွန်းထားပါတယ်။ မာကော့တီရဲ့ အလောင်းကို တွေ့ရှိချိန်မှာ ခန္ဓာကိုယ်မှာလည်း အဝတ်အစားတွေမဲ့လျက် ရှိပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video