International News: ဘုရင်စနစ်ကို ရိုင်းပျစော်ကားမှုများ ဖယ်ရှားပေးရန် ထိုင်းအစိုးက Google ကို တောင်းဆို

ထိုင်းနိုင်ငံဟာ ဘုရင်နဲ့ တော်ဝင်မျိုးနွယ်များနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ ဥပဒေများ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

play


ထိုင်းဘုရင်စနစ်ကို ရိုင်းပျစော်ကားတဲ့ အွန်လိုင်းအကြောင်းအရာတွေကို ဖယ်ရှားပေးရန် Google က သဘောတူညီခဲ့ကြောင်း ထိုင်းနိုင်ငံ လက်ထောက်ဝန်ကြီးချုပ်က ပြောပါတယ်။

play


ပရာဂျင်ဂျွန်တောင်းက Google ကိုယ်စားလှယ်များနဲ့ တွေ့ဆုံခဲ့ပြီး ထိုင်းဘုရင်စနစ်နဲ့ ပတ်သက်ပြီး ရိုင်းပျစော်ကားတဲ့ အကြောင်းအရာတွေကို Google ဖြင့် ရှာဖွေမှုနဲ့ YouTube မှ ဖယ်ရှားပေးရန် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

play


အကြောင်းအရာများ ဖယ်ရှားမှုနဲ့ ပတ်သက်ပြီး ၎င်းတို့ရဲ့ လက်ရှိမူဝါဒများအရ လိုက်နာဆောင်ရွက်ခဲ့ကြောင်း Google က ပြောပါတယ်။ ထိုင်းနိုင်ငံဟာ ဘုရင်နဲ့ တော်ဝင်မျိုးနွယ်များနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ ဥပဒေများ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

play
ထိုင်းဘုရင်ဘူမီဘောကို ဂုဏ်ပြုပြီး တော်ဝင်ဂုဏ်တော်ဘွဲသီချင်း စုရုံးသီဆိုခဲ့ကြသည့် ပြည်သူများ


ထိုင်းဘုရင်ဘူမီဘော ကံတော်ကုန်ခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်မှစပြီး လက်ရှိအချိန်ထိ ဘုရင်စနစ်ကို ရိုင်းပျစော်ကားထားတဲ့ အကြောင်းအရာ ၁၀၀ ကျော်ကို Google ရဲ့ အွန်လိုင်းဝန်ဆောင်မှုတွေများမှာ တွေ့ရှိခဲ့ရကြောင်း လက်ထောက်ဝန်ကြီးချုပ်က ပြောပါတယ်။

play


၂၀၁၅ ခုနှစ် ဇူလိုင်လနဲ့ ဒီဇင်ဘာလအတွင်းမှာလည်း အကြောင်းအရာများ ဖယ်ရှားပေးရန် ထိုင်းအစိုးရထံမှ တောင်းဆိုမှု ၃၃ ခု လက်ခံရရှိခဲ့ကြောင်း Google က ထုတ်ပြန်ထားပါတယ်။ ထိုစဉ်က တောင်းဆိုမှု ၃၃ ခုဟာ အကြောင်းအရာ စုစုပေါင်း ၁,၅၆၆ ခုကို ဖယ်ရှားပေးရန်ဖြစ်ပြီး ၉၇ ရာခိုင်နှုန်းဟာ ထိုင်းအစိုးရကို ဝေဖန်ပြစ်တင်ထားမှုများဖြစ်ကြောင်း သိရပါတယ်။

play

 
၂၀၁၅ ခုနှစ်က ထိုင်းအစိုးရရဲ့ တောင်းဆိုမှုနဲ့ပတ်သက်ပြီး ၈၅ ရာခိုင်နှုန်းဖြစ်တဲ့ အကြောင်းအရာ ၁,၃၀၀ ကို ဖယ်ရှားပေးခဲ့ကြောင်းလည်း Google က ပြောပါတယ်။
Source & Photo: Reuters, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ