AD
AD
AD

ဥရောပ လေကြောင်းသွားလာမှုထိန်းချုပ်ရေး ကွန်ပျူတာစနစ်ချို့ယွင်းမှုကြောင့် လေကြောင်းခရီးစဉ်များစွာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ခဲ့ပြီး ထိုချို့ယွင်းချက်ကို ပြင်ဆင်ခဲ့ရကြောင်းနဲ့ လေကြောင်းသွားလာရေး စီမံခန့်ခွဲမှုအတွက် အလုပ်လုပ်ပေးနေတဲ့ အဖွဲ့အစည်းက ပြောပါတယ်။

play


Eurocontrol က လေကြောင်းပျံသန်းမှုထိန်းချုပ်စနစ် ချို့ယွင်းချက်ကြောင့် ဥရောပမှာ ပျံသန်းနေတဲ့ လေကြောင်းခရီးစဉ် ၁၅,၀၀၀ ခန့်ကို သက်ရောက်မှု ဖြစ်စေနိုင်ကြောင်း ပြောခဲ့ပါတယ်။ အဆိုပါ အရေအတွက်က ဥရောပတစ်ဝှမ်း ပျံသန်းနေတဲ့ လေကြောင်းခရီးစဉ်ထက်ဝက်အထိလည်း ဖြစ်ပါတယ်။

လေကြောင်းပျံသန်းမှုထိန်းချုပ်ရေးစနစ်ဟာ ယမန်နေ့ (ဧပြီ ၃ ရက်) ဒေသစံတော်ချိန် ည ၇ နာရီမှာ ပြန်ကောင်းသွားခဲ့ပြီးနောက် လေယာဉ်ခရီးစဉ်များ ပုံမှန်ပြန်လည်စတင်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဧပြီ ၃ ရက်မှာ ဖြစ်ခဲ့တဲ့ စနစ်ချို့ယွင်းမှုဟာ နှစ်ပေါင်း ၂၀ အတွင်း ဒုတိယအကြိမ်သာ ဖြစ်တယ်လို့ Eurocontrol က ပြောပါတယ်။

play


အလားတူ ချို့ယွင်းမှုမျိုး ၂၀၀၁ ခုနှစ်မှာ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ဖူးကြောင်းလည်း သိရပါတယ်။ လေကြောင်းပျံသန်းမှုတွေ စီမန်ခန့်ခွဲရာမှာ အသုံးပြုနေတဲ့ Enhanced Tactical Flow Management System မှာ ပြဿနာဖြစ်ခဲ့ကြောင်း သိရပေမဲ့ မည်သည့် နည်းပညာပြဿနာဖြစ်ကြောင်း Eurocontrol က ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

play


အဆိုပါစနစ်က တစ်ရက်လျှင် လေကြောင်းခရီးစဉ် ၃၆,၀၀၀ ကို ထိန်းချုပ်စီမံနေကြောင်း သိရပါတယ်။ ထိန်းချုပ်မှုစနစ် ချို့ယွင်းမှုဖြစ်ခဲ့စဉ်မှာ စီစဉ်ထားခဲ့တဲ့ လေကြောင်းခရီးစဉ် ၂၉,၅၀၀ ရှိနေခဲ့ပါတယ်။

လေကြောင်းထိန်းသိမ်းရေးစနစ် ချို့ယွင်းမှုကြောင့် ခရီးသည်တွေနဲ့ လေကြောင်းလိုင်းတွေကို အခက်အခဲဖြစ်စေခဲ့မှုအတွက် အလွန်းဝမ်နည်းရကြောင်းနဲ့ ယခုကဲ့သို့ ချို့ယွင်းမှုမျိုး ယခင်က မကြုံခဲ့ဖူးကြောင်း Eurocontrol မှ ပြောခွင့်ရပုဂ္ဂိုလ်က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD