AD
AD
AD

အိန္ဒိယနိုင်ငံအလယ်ပိုင်း အင်ဒိုရီမြို့ရှိ လူနေထူထပ်ရာနေရာမှ အထပ်လေးထပ်ပါ ဟိုတယ်တစ်ခု မတ်လ ၃၁ ရက် ညပိုင်းမှာ ပြိုကျခဲ့မှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပြီး အခြားလူနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။

play


ဟိုတယ်ပြိုကျပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးခဲ့ပြီဖြစ်ကြောင်းနဲ့ နောက်ထပ် သေဆုံဒဏ်ရာရသူ မရှိကြောင်း ရဲတပ်ဖွဲ့အရာရှိတစ်ဦးက Reuters သတင်းဌာနကို ဖုန်းဖြင့်ပြောကြားခဲ့ပါတယ်။

နှစ်တစ်ရာနီးပါး သက်တမ်းရှိပြီဖြစ်တဲ့ ဟိုတယ်အဆောက်အအုံကို ကြီးမားတဲ့ ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့ပြီးနောက် ဟိုတယ်ပြိုကျခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

play


အာဏာပိုင်တွေကတော့ ဟိုတယ်ပြိုကျရတဲ့ အကြောင်းရင်းကို တရားဝင် ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်းတွေက ဟိုတယ်အပျက်အစီးများထဲမှ လူ ၁၂ ဦးကို အပြင်သို့ဆွဲထုတ်နိုင်ခဲ့ပြီး ၎င်းတို့အနက် ၁၀ ဦးမှာ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ အခြားဒဏ်ရာရခဲ့သူနှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

play


အိန္ဒိယမှာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေရဲ့ မသမာမှု၊ အစိုးရတာဝန်ရှိသူတွေက ဆောက်လုပ်ရေးဆိုင်ရာ စည်းမျဉ်းများ မလိုက်နာမှုကို မျက်ကွယ်ပြုထားမှုနဲ့ အိုဟောင်းနေတဲ့ အသစ်ပြုပြင်ဆောက်လုပ်ရန် လိုအပ်နေတဲ့ အဆောက်အအုံဟောင်းတွေကို စစ်ဆေးရန်ပျက်ကွက်မှုတို့ကြောင့် အဆောက်အအုံ ပြိုကျမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရပါတယ်။

ယမန်နှစ် သြဂုတ်လအတွင်းကလည်း သက်တမ်း ၁၁၇ နှစ်ရှိပြီဖြစ်တဲ့ မွမ်ဘိုင်းမြို့ရှိ အဆောက်အအုံဟောင်းတစ်ခု ပြိုကျခဲ့ပြီး လူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD