AD
AD
AD

အိန္ဒိယမြောက်ပိုင်းမှာ တည်ဆောက်နေဆဲ မိုးပျံလမ်းတစ်ခု ပြိုကျခဲ့မှုကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ ယမန်နေ့ (မေလ ၁၅ ရက်) က ဖြစ်ပွားခဲ့တဲ့ မိုးပျံတံတားပြိုကျမှုအတွင်း ကွန်ကရစ်တုံးအပျက်အစီးများ အောက်ဘက်ရှိ မော်တော်ယာဉ်နဲ့ ခရီးသည်တွေပေါ် ပြုတ်ကျခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်သားတစ်ဦးက ပြောပါတယ်။

play


မိုးပျံတံတားပြိုကျမှု ဖြစ်ပွားခဲ့တဲ့ အူတာပရာဒက်ရှ်ပြည်နယ် ဗာရာဏသီမြို့ (Varanasi) ကို ကယ်ဆယ်ရေး လုပ်သားများ အလျင်အမြန်သွားရောက်ခဲ့ကြကြောင်းနဲ့ အပျက်အစီးတွေအောက်မှာ အရေအတွက် မသိနိုင်တဲ့ ပိတ်မိနေသူတွေရှိနေဆဲပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း စိုးရိမ်နေကြပါတယ်။

play


"အခုအချိန်ထိ အလောင်း ၁၈ လောင်းကို ရှာတွေ့ခဲ့ပါတယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးက အဖွဲ့ခုနစ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေး ဆက်လက် လုပ်ဆောင်နေပါတယ်" လို့ တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။

play


ရုပ်မြင်သံကြားသတင်းမှာ ထုတ်လွှင့်ပြသမှုအရ မိုးပျံလမ်းအပျက်အစီးတွေအောက်မှ ထိခိုက်ပျက်စီးနေတဲ့ ကားတွေနဲ့ အနီးအနားမှာ လာရောက်ကြည့်ရှုကြတဲ့ လူအုပ်စုကို တွေ့ခဲ့ရပါတယ်။ မိုးပျံလမ်းရဲ့ တည်ဆောက်နေဆဲ အပိုင်းတစ်ခုက လမ်းမပေါ်ကို ပြိုကျခဲ့ပြီး ဘတ်စ်ကားနဲ့ အခြားကားတွေ ထိခိုက်ပျက်စီးသွားတယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ဆိုပါတယ်။

"မိုးပျံလမ်းပြိုကျတော့ ကျွန်တော် အဲဒီနားမှာရှိနေခဲ့တယ်၊ အနည်းငယ်း ကားလေးစီး၊ သုံးဘီးဆိုင်ကယ်တစ်စီးနဲ့ မီနီဘတ်စ်တစ်စီး အပျက်အစီးတွေအောက် ရောက်သွားခဲ့တယ်" လို့ မျက်မြင်တွေ့ရှိခဲ့သူက ပြောပါတယ်။

play


အိန္ဒိယတည်ဆောက်ရေးလုပ်ငန်းတွေမှာ ဘေးကင်းလုံခြုံရေး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုအားနည်းချက်နဲ့ စံချိန်စံညွန်းမမီတဲ့ ပစ္စည်းတွေကို အသုံးပြုမှုတွေကြောင့် မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ၂၀၁၆ ခုနှစ်မှာလည်း အိန္ဒိယအရှေ့ပိုင်း ကိုလ်ကတ္တားမြို့မှာ ၃၂၈ ပေရှိတဲ့ မိုးပျံလမ်းပိုင်းတစ်ခု ပြိုကျခဲ့မှုကြောင့် လူ ၂၆ ဦးခန့် သေဆုံးခဲ့ဖူးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD