AD
AD
AD

အိန္ဒိယအစိုးရကျောင်းတွေမှာ စာမွေးပွဲမေးခွန်းများ ပေါက်ကြားမှုဖြစ်ခဲ့တာကြောင့် စုံစမ်းစစ်ဆေးနေပြီး ကျောင်းသူကျောင်သား ၁.၆ သန်း စာမွေးပွဲပြန်ဖြေရမယ်လို့ ဆိုပါတယ်။ သင်္ချာနဲ့ စီးပွားရေးဘာသာရပ်များ မေးခွန်းပေါက်မှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က လူ ၃၂ ဦးကို စစ်ဆေးမေးမြန်းနေပါတယ်။

play
စားမေးပွဲမေးခွန်းပေါက်ကြားမှုကို ဆန္ဒပြနေစဉ်


စာမေးပွဲမတိုင်မီ အဆိုပါမေးခွန်းတွေဟာ WhatsApp မှတစ်ဆင့် ပျံ့နှံ့ခဲ့တယ်လို့ ဆိုပါတယ်။ မေးခွန်းပေါက်ကြားမှုကြောင့် စာမေးပွဲပြန်ဖြေရမယ့်ရက်ကို မကြာမီ ထုတ်ပြန်ကြေညာသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

စာမွေးပွဲမေးခွန်းတွေကို ပမာဏများပြားတဲ့ လာဘ်ငွေပေးဝယ်ယူမှုအပြင် အခြားနည်းလမ်းများဖြင့်လည်း ပေါက်ကြားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ အိန္ဒိယအစိုးရကျောင်းတွေမှာ မေးခွန်းပေါက်ကြားမှုနဲ့ စာခိုးချမှုတွေ ဖြစ်ရပ်တွေ ယခင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။

play
မေးခွန်းပေါက်ကြားမှုကို ဆန္ဒပြနေသည့် ကျောင်းသားများ


၂၀၁၅ ခုနှစ်အတွင်း အိန္ဒိယမြောက်ပိုင်း ဘီဟာပြည်နယ်မှာ စာမေးပွဲဖြေဆိုနေစဉ် မိဘနဲ့ သူငယ်ချင်းတွေက ကျောင်းနံရံတွေကိုတွယ်တက်ကာ အဖြေများပို့ပေးခဲတဲ့ သတင်းဓာတ်ပုံထွက်ပေါ်ခဲ့ပါတယ်။ ထိုဖြစ်ရပ်နဲ့ပတ်သက်ပြီး လူ ၃၀၀ ဝန်းကျင်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကာ ကျောင်းသူကျောင်းသား ၇၅၀ ကို ကျောင်းထုတ်ခဲ့ကြောင်းလည်း သိရပါတယ်။

 ယခုပေါက်ကြားခဲ့တဲ့ အထက်တန်းကျောင်း မေးခွန်းတွေဟာ Central Board of Secondary Education (CBSE) စာမေးပွဲနဲ့လည်း သက်ဆိုင်နေပါတယ်။ CBSE စာမေးပွဲဟာ အိန္ဒိယရဲ့ နာမည်အကြီးဆုံး အစိုးရတက္ကသိုလ်တွေမှာ တက်ရောက်ခွင့်ရရန် အလွန်အရေးပါကြောင်း သိရပါတယ်။

စာမေးပွဲမေးခွန်းပေါက်ကြားမှု ဖြစ်ပြီးနောက် အိန္ဒိယပညာရေးဝန်ကြီး Prakash Javadekar က အွန်လိုင်းလုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။

play
အိန္ဒိယပညာရေးဝန်ကြီး Prakash Javadekar


"ဒီရာဇဝတ်မှုကျူးလွန်သူတွေ ပြေးမလွတ်ပါဘူး၊ ရဲတပ်ဖွဲ့က သူတို့ကို သေချာပေါက် ဖမ်းမိမှာပါ၊ လုံခြုံရေးစနစ်ကို တိုးမြှင့်သွားပြီး စိတ်ချရအောင် လုပ်ဆောင်သွားပါမယ်" လို့ ၎င်းက သတင်းထောက်တွေကို မတ်လ ၂၉ ရက်မှာ ပြောခဲ့ပါတယ်။

ယခုကဲ့သို့ မေးခွန်းပေါက်ကြားမှုကြောင့် မိဘတွေနဲ့ ကျောင်းသူကျောင်းသားတွေ ထိခိုက်ခံစားရတာကို နားလည်ကြောင်းလည်း ပညာရေးဝန်ကြီးက ဆိုပါတယ်။ ဒေလီမြို့ရဲတပ်ဖွဲ့က စားမေးပွဲမေးခွန်းပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ကောလိပ်ကျောင်းသားတွေ အပါအဝင် လူ ၃၀ ကျော် စစ်ဆေးမေးမြန်းခဲ့ကြောင်း ပြောပါတယ်။

ယခု မေးခွန်းပေါက်ကြားမှုက အာဏာရပါတီ Bharatiya Janata Party (BJP) အတွက် ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ ပတ်သက်ပြီး ဖိအားပေးမှု ဖြစ်စေခဲ့ပါတယ်။ အတိုက်အခံတွေက စာမေးပွဲမေးခွန်းပေါက်ကြားမှုနဲ့ ပတ်သက်ပြီး အာဏာရပါတီနဲ့ အစိုးရအဖွဲ့ကို ဝေဖန်ပြောဆိုမှုတွေ ရှိနေကြောင်းလည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News

AD