AD
AD
AD

ကမ္ဘာတစ်ဝှမ်း ၎င်းရဲ့နောက်လိုက်များ သန်းနဲ့ချီအရေအတွက်ရှိတယ်လို့ ပြောဆိုထားသူ အိန္ဒိယနိုင်ငံမှ ထင်ရှားကျော်ကြားတဲ့ ဂုရုကြီးတစ်ဦးကို ကိုးကွယ်ဆည်းကပ်သူ ဆယ်ကျော်သက်အမျိုးသမီးအား အဓ္ဓမပြုကျင့်မှုဖြင့် တရားရုံးက ယနေ့ (ဧပြီ ၂၅ ရက်) ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ကြောင်း သိရပါတယ်။

play
အိန္ဒိယဂုရု အဆာရမ်ဘာပူကို ခေါ်ဆောင်လာစဉ်


အဆာရမ်ဘာပူ (Asaram Bapu) အမည်ရှိ အဆိုပါ အိန္ဒိယဂုရုကြီးက ဆယ်ကျော်သက်အမျိုးသမီးမှာ မကောာင်းဆိုးဝါး ဝိညာဉ်များပူးကပ်နေတယ်လို့ အကြောင်းပြပြီး အဓ္ဓမပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၇၇ နှစ်အရွယ် အိန္ဒိယဂုရု အဆာရမ်ကို ရာဂျစ်စတန်ပြည်နယ်မှာ ကြားနာစစ်ဆေးပြီးနောက် အမြင့်ဆုံးပြစ်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

play
အဆာရမ်အား အမိန့်ချမှတ်စဉ် လုံခြုံရေးချထားသည့် ရဲတပ်ဖွဲ့ဝင်အချို့


အဆာရမ်ကို အမိန့်ချမှတ်ရာမှာ ၎င်းကို ကိုးကွယ်ဆည်းကပ်သူ နောက်လိုက်တွေရဲ့ ကန့်ကွက်တုံ့ပြန်မှုတွေ ရှိလာနိုင်တာကြောင့် ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီပြီး လုံခြုံရေးချထားရတယ်လို့ ဆိုပါတယ်။ အဆာရမ်ကို ၂၀၁၃ ခုနှစ်အတွင်း အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို ရာဂျက်စတန်ပြည်နယ် Jodhpur မြို့မှာ အဓ္ဓမပြုကျင့်ခဲ့မှုဖြင့် စွဲချက်တင်ခဲ့ပါတယ်။

play
အဆာရမ်နှင့် ၎င်းရဲ့နောက်လိုက်များ


"အဆာရမ်ကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်" လို့ ၎င်းရဲ့ရှေ့နေတစ်ဦးက Jodhpur မြို့ တရားရုံးအပြင်ဘက်မှာ AFP သတင်းဌာနကို အတည်ပြု ပြောခဲ့ပါတယ်။ အဆာရမ်ရဲ့ ရှေ့နေတွေကတော့ ယခုပြစ်ဒဏ်ကို အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။

ဂုရုကြီး အဆာရမ်အပြင် ယခုအမှုနဲ့ပတ်သက်ပြီး စွဲချက်တင်ခံရတဲ့ အမျိုးသမီးတစ်ဦး အပါအဝင် အခြားနှစ်ဦးကိုလည်း ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်လိုက်ကြောင်း သိရပါတယ်။ အဆာရမ်ရဲ့အမှုတွဲမှာ ပါဝင်ခဲ့တဲ့ နောက်ထပ်နှစ်ဦးကိုတော့ တရားရုံးက တရားသေလွှတ်လိုက်ပါတယ်။ ဂုရုကြီး အဆာရမ်ဟာ ဂူဂျာရတ်ပြည်နယ်မှာလည်း နောက်ထပ် အဓ္ဓမပြုကျင့်မှုဖြင့် တရားစွဲခံထားရသေးတယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD