AD
AD
AD

အိန္ဒိယနိုင်ငံ နယူးဒေလီဆေးရုံမှာ ဦးခေါင်းဒဏ်ရာကြောင့် ဆေးရုံတက်ရတဲ့ လူနာတစ်ဦးကို ခွဲစိတ်အထူးကု ဆရာဝန်က လူနာမှားယွင်ခွဲစိတ်မှု ဖြစ်ခဲ့ပါတယ်။ လူနာမှားယွင်းပြီး ခွဲစိတ်ခဲ့တဲ့ ဆရာဝန်ကို ရာထူးမှ ဆိုင်းငံ့လိုက်ကြောင်း သိရပါတယ်။

play
ခြေထောက်ကို မှားယွင်းခွဲစိတ်ခံရသည့် လူနာကို တွေ့ရစဉ်


အဆိုပါ ဆရာဝန်က ခွဲစိတ်ရန်မလိုအပ်တဲ့ လူနာတစ်ဦးကို အခြားလူနာနဲ့မှားယွင်းပြီး ခြေထောက်ခွဲစိတ်ခဲ့ကြောင်း အာဏာပိုင်တွေက ဧပြီ ၂၃ ရက်မှာ ပြောပါတယ်။ အသက် ၅၀ နှစ်အရွယ် Vijendra Tyagi အမည်ရှိ လူနာဟာ ၎င်းရဲ့ညာဖက်ခြေထောက်ကို မှားယွင်းခွဲစိတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ခြေထောက်ကို မှားယွင်းခွဲစိတ်ခံရတဲ့ Vijendra က ကားမတော်တဆမှုကြောင့် ဦးခေါင်းဒဏ်ရာများရခဲ့ပြီးနောက် နယူးဒေလီမြို့ရှိ အစိုးရပိုင် Sushruta Trauma Centre ဆေးရုံမှာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ သို့သော် ဆေးရုံမှ ခွဲစိတ်ဆရာဝန်က အခြား လူနာတစ်ဦးနဲ့မှားယွင်းပြီး ၎င်းရဲ့ခြေထောက်ကို ခွဲစိတ်ခဲ့ပါတယ်။

play
ခွဲစိတ်ကုသမှုတစ်ခု ပြုလုပ်နေသည့် မြင်ကွင်း


မှားယွင်းခွဲစိတ်ခံရတဲ့ Vijendra ဟာ မေ့ဆေးပေးခံထားရတာကြောင့် မှားယွင်းနေကြောင်းကို မပြောနိုင်ခဲ့ဘူးလို့ ဆေးရုံမှ အကြီးအကဲတစ်ဖြစ်သူ Ajay Bahl က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ လူနာမှားယွင်းပြီး ခွဲစိတ်ခဲ့တဲ့ ဆရာဝန်ကို ပေါ့ဆမှုဖြင့် ရာထူးမှ ဆိုင်းငံ့လိုက်ပြီး ဆရာဝန်တစ်ဦးရဲ့ အနီးကပ်ကြီးကြပ်မှုဖြင့် သီးခြားခွဲထားကြောင်း သိရပါတယ်။

play
Sushruta Trauma Centre ဆေးရုံ


"ဆရာဝန်က သူ လူနာမှားပြီးခွဲစိတ်မိတာကို နောက်ပိုင်းမှာ သိသွားခဲ့တယ်၊ သူရဲ့အမှားအတွက်လည်း အားလုံးကို တောင်းပန်ခဲ့ပါတယ်၊ ဒါပေမဲ့ ဆေးရုံအုပ်ချုပ်မှုအဖွဲ့ သူ့ကို ပြင်းပြင်းထန်ထန် အရေးယူခဲ့ပါတယ်" လို့ Ajay Bahl က ပြောပါတယ်။

ဦးခေါင်းဒဏ်ရာကြောင့် ဆေးရုံတက်ခဲ့ပေမဲ့ ခြေထောက်ကို မှားယွင်းခွဲစိတ်ခံခဲ့ရတဲ့ လူနာဟာ ဆေးရုံမှဆင်းနိုင်ခဲ့ပြီ ဖြစ်ပေမဲ့ မလိုအပ်ဘဲ ခွဲစိတ်ခံရမှုကနေ အပြည့်အဝ ပြန်လည်နာလန်ထူရန် တစ်ပတ်ကြာအုံးမယ်လို့ ဆိုပါတယ်။ အိန္ဒိယမှာ ဆေးဘက်ဆိုင်ရာ ပေါ့ဆမှုတွေကြောင့် လူသေဆုံးတဲ့အထိ ဖြစ်စေခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့ဖူးကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD