AD
AD
AD

အိန္ဒိယနိုင်ငံမှာ ရဲတပ်ဖွဲ့က ၁၆ ရက်သားကလေးငယ်ကို အလစ်သုတ်ယူဆောင်သွားခဲ့တဲ့ မျောက်တစ်ကောင်ကို လိုက်လံရှာဖွေနေတယ်လို့ ဆိုပါတယ်။

play


အဆိုပါဖြစ်ရပ်ဟာ အိန္ဒိယအရှေ့ပိုင်း သြရစ်ဆာပြည်နယ် (Orissa) မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မျောက်က အလစ်သုတ်ယူဆောင်သွားခဲ့တဲ့ ယောက်ျားလေး ကလေးငယ်ကို ရေတွင်းတစ်ခုအတွင်း သေဆုံးလျက်သား ပြန်လည်တွေ့ရှိခဲ့ရပါတယ်။

မျောက်တစ်ကောင်က ကလေးကို ယူဆောင်သွားတာကို တွေ့လိုက်ပေမဲ့ မျောက်က ထွက်ပြေးသွားခဲ့တာကြောင့် ကလေးကို ပြန်ရယူနိုင်ခဲ့ခြင်း မရှိဘူးလို့ မိခင်ဖြစ်သူက ဆိုပါတယ်။

ကလေးအလစ်သုတ်ခံရပြီး နောက်တစ်ရက်အကြာ တနင်္ဂနွေနေ့ (ဧပြီ ၁ ရက်) မှာတော့ ဆွေမျိုးသားချင်းတွေက ကလေးရဲ့အလောင်းကို နေအိမ်အနောက်ဘက်ရှိ ရေတွင်းတစ်ခုအတွင်း ပြန်ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

play
အိန္ဒိယနိုင်ငံ ကျေးလက်ဒေသမှ ရေတွင်းတစ်ခု


သြရစ်ဆာပြည်နယ်မှာ မျောက်တွေက ဒေသခံတွေရဲ့ ပစ္စည်းတွေကို ယူဆောင်သွားမှုနဲ့ ဖျက်ဆီးမှုတွေ ရှိခဲ့ပေမဲ့ ယခုဖြစ်ရပ်မှာမူ အလွန်ရှားပါးတဲ့ ဖြစ်ရပ်တစ်ခုလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

"ကျွန်တော်တို့ ဒီမျောက်ကို တစ်ပတ်အတွင်း ဖမ်းမိနိုင်မယ်ဖို့ မျှော်လင့်ပါတယ်" လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အရာရှိ ပရက်ဒ်ဟန်းက ပြောပါတယ်။ "ဒီဒေသမှာ မျောက်တွေက လူတွေကို တိုက်ခိုက်တာ၊ နေအိမ်တွေထဲဝင်ပြီး အစားအစာရှာတာမျိုး ကြုံရလေ့ရှိပါတယ်၊ ဒါပေမဲ့ အခုလိုမျိုး ကလေးတစ်ယောက်ကို ယူဆောင်သွားတာကတော့ ပထမဆုံးအကြိမ်ပါပဲ" လို့ ၎င်းက ဆက်လက် ပြောခဲ့ပါတယ်။

play


ရဲတပ်ဖွဲ့က ကလေးအလစ်သုတ်သွားတဲ့ မျောက်ကိုဖမ်းမိနိုင်ရန် မျောက်ဖမ်းကျွမ်းကျင်တဲ့ ဒေသခံ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရပါတယ်။ မျောက်က နေအိမ်အတွင်းကို စနေနေ့ (မတ်လ ၃၀ ရက်) မနက်အစောပိုင်းမှာ ဝင်ရောက်လာခဲ့ပြီးနောက် ကလေးကို အလစ်သုတ်သွားခဲ့ကြောင်း သစ်တောဌာနမှ တာဝန်ရှိသူတွေက BBC သတင်းဌာနကို ပြောပါတယ်။

ကလေးရဲ့အလောင်းကို စစ်ဆေးခဲ့မှုအရ ပြင်းထန်တဲ့ ပြင်ပဒဏ်ရာမတွေ့ရဘဲ ရေနစ်ပြီး သေဆုံးခဲ့ခြင်း ဖြစ်တယ်လို့ ဆရာဝန်တစ်ဦးက ရှင်းပြပါတယ်။ အဆိုပါမျောက်က ကလေးငယ် ယူဆောင်သွားစဉ် ရေတွင်းထဲကို ကလေးပြုတ်ကျသွားခဲ့ဖွယ်ရှိကြောင်း ဒေသခံတွေက ပြောကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD