AD
AD
AD

အိန္ဒိယနိုင်ငံက မကြာသေးမီး ရက်ပိုင်းအတွင်း အာကာသအတွင်း လွှတ်တင်ခဲ့တဲ့ ဂြိုဟ်တုတစ်ခုနဲ့ မြေပြင်ထိန်းချုပ်ရေးစခန်း အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း အိန္ဒိယ အမျိုးသားအာကာသအေဂျင်စီမှ တာဝန်ရှိသူတွေက ဧပြီ ၁ ရက်မှာ အတည်ပြု ပြောကြားပါတယ်။

play
GSAT-6A ဂြိုဟ်တု လွှတ်တင်စဉ်


Indian Space Research Organisation (ISRO) က စနေနေ့ (မတ်လ ၃၁ ရက်) မှာ GSAT-6A ဂြိုဟ်တုကို တတိယနဲ့ နောက်ဆုံးအကြိမ်အဖြစ် ဂြိုဟ်ပတ်လမ်းအတိုင်း လှည့်ပတ်ရန်ပြင်ဆင်ခဲ့စဉ် အဆက်အသွယ် ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။

"ဂြိုဟ်တုနဲ့ အဆက်အသွယ်ပြန်ရဖို့ လုပ်ဆောင်နေပါတယ်" လို့ ISRO ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အလေးချိန် ပေါင် ၄,၇၂၀ ရှိတဲ့ GSAT-6A ဂြိုဟ်တုကို လက်နက်ကိုင်တပ်ဖွဲ့များအတွက် ဆက်သွယ်ရေးပိုမိုကောင်းမွန်စေရေး အသုံးပြုနိုင်ရန် လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

play
GSAT-6A ဂြိုဟ်တု


အဆိုပါဂြိုဟ်တုကို အိန္ဒိယတောင်ပိုင်း အင်ဒရာပရာဒက်ရှ်ပြည်နယ်ကနေ မတ်လ ၂၉ ရက်မှာ လွှတ်တင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယရဲ့ အာကာသအစီအစဉ်တွေဟာ နိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံများကြား အသိအမှတ်ပြုခံထားရပါတယ်။

GSAT-6A ဂြိုဟ်တုလွှတ်တင်မှုဟာ ISRO သိပ္ပံပညာရှင်တွေအတွက် အောင်မြင်မှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အိန္ဒိယ ISRO က ၂၀၁၄ ခုနှစ်မှာလည်း အင်္ဂါဂြိုဟ်ကို ကုန်ကျစရိတ်သက်သာစွာဖြင့် အာကာသယာဉ် စေလွှတ်နိုင်ခဲ့ပါတယ်။

အိန္ဒိယရဲ့ အင်္ဂါဂြိုဟ်ဆင်းယာဉ် လွှတ်တင်မှုဟာ အမေရိကန်ဒေါ်လာ ၇၃ သန်းသာ​ ကုန်ကျခဲ့ပြီး အမေရိကန် NASA ရဲ့ Maven Mars အင်္ဂါဂြိုဟ်ဆင်းယာဉ် လွှတ်တင်ခဲ့တဲ့ ကုန်ကျစရိတ် ဒေါ်လာ ၆၇၁ သန်းထက် များစွာသက်သာခဲ့ကြောင်းလည်း သိရပါတယ်။

play
GSAT-6A ဂြိုဟ်တုကို သယ်ဆောင်သည့် ဒုံးပျံ


ယမန်နှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း အိန္ဒိယနိုင်ငံက ဒုံးပျံတစ်စင်းတည်းဖြင့် ဂြိုဟ်တု ၁၀၄ ခုကို လွှတ်တင်ခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ယခင်က တစ်ကြိမ်တည်းဖြင့် ဂြိုဟ်တုအများဆုံး လွှတ်တင်နိုင်မှုကို ရုရှားနိုင်ငံက စံချိန်တင်ထားပြီး ၂၀၁၄ ခုနှစ် ဇွန်လအတွင်း ဂြိုဟ်တု ၃၉ ခု လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယရဲ့ အာကာသအစီအစဉ်တွေဟာ ကုန်ကျစရိတ်သက်သာပေမဲ့ မအောင်မြင်မှုတွေလည်း ရှိခဲ့ပါတယ်။ ယမန်နှစ် သြဂုတ်လအတွင်း မြေပုံလမ်းညွှန်ဆိုင်ရာ ဂြိုဟ်တုတစ်ခု လွှတ်တင်ရန်လုပ်ဆောင်ခဲ့ရာမှာ အဓိက နည်းပညာချို့ယွင်းမှု ဖြစ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD