AD
AD
AD

အင်ဒိုနီးရှားနိုင်ငံမှာ အကြမ်းဖက်အဖြစ် သံသယရှိသူတွေကို ရဲတပ်ဖွဲ့က ပိုမိုထိရောက်စွာ အရေးယူနိုင်မယ့် ဥပဒေသစ်တစ်ရပ် ယနေ့ (မေလ ၂၅ ရက်) အတည်ပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၃ ရက်နဲ့ ၁၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာမှာ မိသားစုလိုက် အသေခံဗုံးခွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပိုမိုပြင်းထန်တဲ့ အကြမ်းဖက်မှုဆိုင်ရာ ဥပဒေသစ်ကို လွှတ်တော်က အတည်ပြု ပြဌာန်းလိုက်တာလည်း ဖြစ်ပါတယ်။

play


ယခု အတည်ပြုလိုက်တဲ့ ဥပေဒမူကြမ်းဟာ အင်ဒိုနီးရှားလွှတ်တော်ကို တင်သွင်းထားခဲ့မှု ၂ နှစ်နီးပါးရှိပြီဖြစ်ပြီး အကြမ်းဖက်မှုကို အဓိပ္ပါယ်ဖွင့်ဆိုချက် အပါအဝင် အသေးစိတ်တွေကို လွှတ်တော်က စစ်ဆေးနေတာကြောင့် အတည်ပြုနိုင်ရန် ကြန့်ကြာနေခဲ့ပါတယ်။

သို့သော် ယခုလအတွင်း အသေခံဗုံးခွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ဥပေဒကိုအတည်ပြုရန် လွှတ်တော်အမတ်တွေက အလျင်အမြန် ဆောင်ရွက်လာခဲ့ရကြောင်း သိရပါတယ်။

ဆူရာဘာယာမှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက လွှတ်တော်အနေနဲ့ အကြမ်းဖက်မှုဆိုင်ရာ ဥပဒေသစ်ကို အတည်မပြုပနိုင်ခဲ့ပါက အရေးပေါ်အမိန့်တစ်ရပ် ထုတ်ပြန်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

play


အတည်ပြု ပြဌာန်းလိုက်ပြီဖြစ်တဲ့ ဥပဒေသစ်အရ အင်ဒိုနီးရှာရဲတပ်ဖွဲ့က အကြမ်းဖက်အဖြစ် သံသယရှိသူတွေကို ၂၁ ရက်အထိ ဖမ်းဆီးထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ထိုသို့ သံသယရှိသူတွေကို တစ်ပတ်ကြာ ဖမ်းဆီးထိန်းသိမ်းခွင့်ပြုထားပါတယ်။

ဒါ့အပြင် ဥပဒေသစ်အရ ပြည်တွင်း သို့မဟုတ် နိုင်ငံရပ်ခြားမှာ အခြေစိုက်တဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေထံ ဝင်ရောက်သူ သို့မဟုတ် လူသစ်စုဆောင်းပေးသူတွေကိုလည်း စွဲချက်တင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ ယခု ဥပဒေသစ်ရဲ့ ရှင်းလင်းမှုမရှိဘဲ ဝိဝါဒကွဲပြားနိုင်တဲ့ ပြဌာန်းမှုတွေက ခြိမ်းခြောက်မှုအဖြစ် ထင်မြင်ယူဆတဲ့ မည်သည့်အဖွဲ့အစည်းကိုမဆို ဖြိုခွင်းနိုင်ခွင့်ရမှုအပေါ် စိုးရိမ်စရာဖြစ်တယ်လို့ ပြောပါတယ်။

play


ယခုလအတွင်း ဆူရာဘာယာမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းသုံးခုနဲ့ ရဲတပ်ဖွဲ့ဌာနချုပ်ကို အသက်ကိုးနှစ်နဲ့ ၁၂ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး အပါအဝင် မိသားစုနှစ်ခုက အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။ အဆိုပါ မိသားစုနှစ်ခုဟာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံတဲ့ ပြည်တွင်းမှ အစွန်းရောက်အုပ်စုနဲ့ ဆက်နွယ်နေကြောင်း သိရပါတယ်။

ဆူရာဘာယာမှာ အသေခံဗုံးခွဲမှုတွေကို လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အဖွဲ့က ပြောထားပါတယ်။ ဆူရာဘာယာ အသေခံဗုံးခွဲမှုတွေဖြစ်ပြီး ရက်ပိုင်းအကြာမှာလည်း ဆူမာတြားကျွန်း ပီကန်ဘာရူရှိ Riau ရဲတပ်ဖွဲ့ဌာနချုပ်မှာ ဓားကိုင်သမားလေးဦးက တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ရဲအရာရှိတစ်ဦး သေဆုံးခဲ့ပါတယ်။

play


အဆိုပါ ရဲအရာရှိဟာ ဓားကိုင်အမျိုးသားတစ်ဦးက ထွက်ပြေးရန်ကြိုးပမ်းစဉ် ကားဖြင့်ဝင်တိုက်ခဲ့မှုကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ဓားကိုင်တိုက်ခိုက်သူ သုံးဦးကို အသေပစ်သတ်ခဲ့ပါတယ်။

ယခုနှစ် အာရှအားကစားပြိုင်ပွဲ (Asian Games)၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ် (IMF-World Bank) အစည်းအဝေးတွေကို ဘာလီကျွန်းမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ အစ္စလာမ်မစ်အစွန်းရောက်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ကာရှည်ကြာ ရုန်းကန်နေခဲ့ရပါတယ်။

အင်ဒိုနီးရှားမှာ အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ၂၀၀၂ ခုနှစ်မှာ ဘာလီကျွန်း ဗုံးပေါက်ကွဲမှုများကြောင့် ဒေသခံများနဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ အပါအဝင် လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD