AD
AD
AD

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်း ပီကန်ဘာရူရှိ Riau ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိတွေကို ဓားကိုင်သမားလေးဦးက တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ၎င်းတို့ကို အသေပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

play


ယနေ့ (မေလ ၁၆ ရက်) ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်ရပ်အတွင်း အမျိုးသားလေးဦးက ရဲဌာနချုပ်ဝင်းအတွင်း ကားဖြင့်ဝင်ရောက်လာခဲ့ပြီးနောက် ရဲအရာရှိတွေကို ဓားဖြင့်တိုက်ခိုက်ခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသား Setyo Wasisto က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း ရဲအရာရှိနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ နောက်ထပ် ရဲအရာရှိတစ်ဦးမှာ ဓားကိုင်အမျိုးသားတစ်ဦးက ထွက်ပြေးရန်ကြိုးပမ်းစဉ် ကားဖြင့်ဝင်တိုက်ခဲ့မှုကြောင့် သေဆုံးခဲ့ပါတယ်။

play


ထွက်ပြေးရန်ကြိုးပမ်းတဲ့ အမျိုးသားက ကားဖြင့်ဝင်တိုက်ခဲ့မှုကြောင့် ရဲစခန်းမှာရှိနေခဲ့တဲ့ သတင်းထောက်လည်း ဒဏ်ရာရခဲ့ပါတယ်။ အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့ ရဲဌာနတွင်း အစီရင်ခံစာတစ်ခုအရ သေဆုံးခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့ ခန္ဓာကိုယ်မှာ ဗုံးတပ်ဆင်ထားတယ်လို့ သံသယရှိရကြောင်းလည်း သိရပါတယ်။

ရုပ်မြင့်သံကြားသတင်းထုတ်လွှင့်မှုအရ ဘေးနားမှာ ဓားတစ်လက်နဲ့အတူ လဲကျနေတဲ့ အမျိုးသားတစ်ဦးနဲ့ လက်နက်တပ်ဆင်ထားတဲ့ ကားတစ်စီးကို ရဲစခန်းအပြင်ဘက်မှာ တွေ့ရပါတယ်။ ဓားကိုင်တိုက်ခိုက်သူတွေနဲ့ တိုက်ခိုက်ရတဲ့ အကြောင်းရင်းကို မသိရသေးကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

play


ယနေ့တိုက်ခိုက်မှုဟာ အင်ဒိုနီးရှားရဲ့ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာမှာ ခရစ်ယာန်ဘုရားကျောင်းသုံးခုနဲ့ ရဲတပ်ဖွဲ့ဌာနချုပ်ကို မိသားစုနှစ်ခုက အသေခံ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်သာခြားပြီး ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။ ဆူရာဘာယာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် လူ ၃၀ ဝန်းကျင်းနဲ့ အသေခံဗုံးခွဲသူ ၁၃ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောထားပါတယ်။

ခရစ်ယာန်ဘုရားကျောင်းများကို အသေခံ ဗုံးခွဲတိုက်ခိုက်မှု

မေလ ၁၃ ရက်က အင်ဒိုနီးရှားရဲ့ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာမှာ မိသားစုတစ်ခုမှ မိသားစုဝင်ခြောက်ဦးက ခရစ်ယာန်ဘုရားကျောင်းသုံးခုကို အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံးပြီး အခြား လူ ၄၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

အသေခံဗုံးခွဲခဲ့တဲ့ မိသားစုဟာ မိခင်၊ ဖခင်၊ အသက်ကိုးနှစ်နဲ့ ၁၂ နှစ်အရွယ် သမီးနှစ်ဦး၊ အသက် ၁၆ နှစ်နဲ့ ၁၈ နှစ်အရွယ် သားနှစ်ဦးတို့ ဖြစ်ပါတယ်။ အင်ဒိုနီးရှားမီဒီယာတွေရဲ့ ဖော်ပြမှုအရ အဆိုပါ မိသားစုဟာ ဆီးရီးယားနိုင်ငံမှ ပြန်လာခဲ့ကြဖွယ်ရှိကြောင်းလည်း သိရပါတယ်။ ရာနဲ့ချီတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေဟာ လတ်တလော နှစ်များအတွင်း ဆီးရီးယားသို့သွားရောက်ပြီး အိုင်အက်စ်အဖွဲ့ထံ ဝင်ရောက်ခဲ့ကြပါတယ်။

play


ခရစ်ယာန်ဘုရားကျောင်းတွေကို အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့ရာမှာ မိခင်ဖြစ်သူ ပူဂျီကူစဝပ်တီနဲ့ သမီးနှစ်ဦးက Kristen Indonesia Diponegoro ဘုရားကျောင်းမှာလည်းကောင်း၊ ဖခင်ဖြစ်သူ ဒီတာပရီယန်တိုက Surabaya Centre Pentecostal ဘုရားကျောင်းမှာလည်းကောင်း၊ သားနှစ်ဦးက မော်တော်ဆိုင်ကယ်များစီးပြီး Santa Maria ဘုရားကျောင်းမှာလည်းကောင်း အသီးသီး အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့ကြကြောင်း အင်ဒိုရဲတပ်ဖွဲ့ အကြီးအကဲ ကာနာဗီယန်က ပြောပါတယ်။

play


"အားလုံးက အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေပါပဲ။ ဒါပေမဲ့ အသုံးပြုတဲ့ ဗုံးအမျိုးအစားတွေတော့ မတူပါဘူး" လို့ ၎င်းက ဆိုပါတယ်။ ဗုံးပေါက်ကွဲမှုသုံးခုတွေဟာ ၁၀ မိနစ်အတွင်း ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်းနဲ့ ပထမဆုံး ဗုံးပေါက်ကွဲမှုဟာ ဒေသစံတော်ချိန် မနက် ၇ နာရီခွဲမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အသေခံ ဗုံးခွဲတိုက်ခိုက်တဲ့ မိသားစုနဲ့ဆက်နွယ်နေပြီး အိုင်အက်စ်ကိုထောက်ခံတဲ့ JAD အုပ်စုကို ထောင်ကျနေသူ အစွန်းရောက် အေမန်အဗ္ဗဒူလ်ရာဟ်မန်က ဦးဆောင်ခဲ့ပါတယ်။ ထိုအစွန်းရောက်အုပ်စုက ၂၀၁၆ ခုနှစ်က ဂျကာတာမြို့မှာ သေနတ်နဲ့ ဗုံးများသုံးပြီး အသေခံတိုက်ခိုက်မှု အပါအဝင် အင်ဒိုနီးရှားနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဆူရာဘာယာမြို့ ရတပ်ဖွဲ့ဌာနချုပ် အသေခံ ဗုံးခွဲတိုက်ခိုက်ခံရမှု

ဆူရာဘာယာမြို့မှာ ခရစ်ယာန်ဘုရားကျောင်းသုံးခုကို မိသားစုတစ်ခုက အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် မေလ ၁၄ ရက်မှာလည်း ရဲတပ်ဖွဲ့ဌာနချုပ်ကို မိသားစုတစ်ခုကပင် အသေခံ ဗုံးခွဲတိုက်ခိုက်မှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မိသားစုက မော်တော်ဆိုင်ကယ်နှစ်စီး အသုံးပြုပြီး ဆူရာဘာယာမြို့ ရဲတပ်ဖွဲ့ဌာနချုပ် ဂိတ်ပေါက်ဝမှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Postby

အသေခံဗုံးခွဲသူ မိသားစုဝင်လေးဦးနဲ့ အခြားလူနှစ်ဦး သေဆုံးခဲ့ကြောင်းနဲ့ ဆိုင်ကယ်တစ်စီးပေါ်မှာ လိုက်ပါလာတဲ့ အဆိုပါ မိသားစုမှ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ပို့ခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုအတွင်း လူ ၁၀ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

ဆူရာဘာယာမြို့အနီး တိုက်ခန်းတစ်ခန်းမှာ ဗုံးပေါက်ကွဲမှု

ယမန်နေ့က ခရစ်ယာန်ဘုရားကျောင်းတွေမှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် နာရီပိုင်းအကြာမှာလည်း ဆူရာဘာယာမြို့နဲ့ ၁၉ မိုင်နီးပါးအကွာရှိ တိုက်ခန်းတစ်ခန်းမှာ နောက်ထပ် ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ မိသားစုတစ်ခုမှ လူသုံးဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါတိုက်ခန်းရှိ မိသားစုမှ မိခင်နဲ့ သားတစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်ပြီး ဗုံးဖောက်ခွဲရန် သယ်ဆောင်လာတဲ့ ဖခင်ဖြစ်သူကို ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုအတွင်း အခြား ကလေးနှစ်ဦး ဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ တိုက်ခန်းမှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကို လုပ်ဆောင်ခဲ့ကြောင်းကိုတော့ မည်သည့်အဖွဲ့အစည်းကမျှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD