AD
AD
AD
play

 

စက်တင်ဘာ ၇ ရက်မှာ iPhone 7 ကို တရားဝင်မိတ်ဆက်ပြသသွားလိမ့်မယ်လို့ Bloomberg သတင်းက ဖော်ပြလာပါတယ်။ ကြိုတင်မှာယူလိုသူတွေအတွက် အော်ဒါတွေကို စက်တင်ဘာ ၉ ရက်မှာ စတင်လက်ခံမှာဖြစ်ကာ စက်တင်ဘာ ၁၆ ရက်မှာ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။

Apple ကုမ္ပဏီဘက်က တရားဝင်ထုတ်ဖော်ပြောကြားခြင်းတော့ မရှိသေးပါဘူး။ Bloomberg ကတော့ အချက်အလက်နဲ့ ခန့်မှန်းထားတာပါ။

play

 

ပြီးခဲ့နှစ်က iPhone 6S နဲ့ 6S Plus ကို စက်တင်ဘာ ၉ ရက်မှာ မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီနေ့က ဗုဒ္ဓဟူးနေ့ဖြစ်ခဲ့သလို ယခင်နှစ်တွေကတည်းက iPhone သစ်တွေကို မိတ်ဆက်တဲ့နေ့တွေကလည်း တိုက်တိုက်ဆိုင်ဆိုင် ဗုဒ္ဓဟူးနေ့တွေ ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် စက်တင်ဘာလဆန်းရဲ့ ဗုဒ္ဓဟူးနေ့ကျရောက်တဲ့ ၇ ရက်နေ့က iPhone 7 မိတ်ဆက်မယ့်နေ့ရက်ဖြစ်လာနိုင်ပါတယ်။

Source : Forbes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD