International News: တောင်ကိုရီးယားမှာ iPhone 7 စတင်ရောင်းချ

iPhone 7 ပထမအသုတ် အလုံးရေ ၅၀,၀၀၀ ကို လွန်ခဲ့တဲ့ တစ်ပတ်က ကြိုတင်မှာကြားမှုများ လက်ခံခဲ့ရာ ၁၅ မိနစ်အတွင်း ရောင်းကုန်ခဲ့တယ်လို့ ဆိုပါတယ်။

play


Apple iPhone 7 ကို တောင်ကိုရီးယားနိုင်ငံမှာ ယနေ့ (အောက်တိုဘာ ၂၁ ရက်) စတင်ရောင်းချခဲ့ပါတယ်။ အဓိက ပြိုင်ဘက်ဖြစ်တဲ့ ဆမ်ဆောင်းရဲ့ Galaxy Note 7 စမတ်ဖုန်းများ ဘက်ထရီချို့ယွင်းချက်ကြောင့် ပြန်လည်သိမ်းဆည်းကာ ထုတ်လုပ်ရောင်းချမှု ရပ်ဆိုင်းခဲ့ရပြီးနောက် ဆမ်ဆောင်းအခြေစိုက်ရာ တောင်ကိုရီးယားနိုင်ငံမှာ iPhone 7 ရောင်းချမှုကို Apple က စတင်ခဲ့ပြီ ဖြစ်ပါတယ်။

  play


ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ Note 7 ဘက်ထရီချို့ယွင်းမှုကြောင့် မီးလောင်ခဲ့တဲ့ ပြဿနာက Apple ရဲ့ iPhone 7 အတွက် ဈေးကွက်အသာရမှုကိုလည်း ဖြစ်စေခဲ့ပါတယ်။ ဆမ်ဆောင်းဟာ Note 7 ထုတ်လုပ်ရောင်းချမှုတွေကို ရပ်ဆိုင်းခဲ့ရတာကြောင့် အမြတ်အစွန်း ပမာဏ ဘီလီယံနဲ့ချီပြီး ဆုံးရှုံးမှာလည်း ဖြစ်ပါတယ်။

play


တောင်ကိုရီးယားမှာ iPhone များ ရောင်းချရန် တရားဝင် ခွင့်ပြုချက်ရရှိထားတဲ့ Korea Telecom (KT) ရဲ့ အဆိုအရ iPhone 7 ပထမအသုတ် အလုံးရေ ၅၀,၀၀၀ ကို လွန်ခဲ့တဲ့ တစ်ပတ်က ကြိုတင်မှာကြားမှုများ လက်ခံခဲ့ရာ ၁၅ မိနစ်အတွင်း ရောင်းကုန်ခဲ့တယ်လို့ ဆိုပါတယ်။

play


တောင်ကိုရီးယားမှာ အချက်အလက် သိမ်းဆည်းနိုင်မှုပမာဏ 32GB အမျိုးအစား iPhone 7 နဲ့ iPhone 7 Plus ကို ဝမ်ငွေ ၈၆၉,၀၀၀ မှ စတင်ပြီး ၁.၀၂ သန်းအထိ ကျသင့်နိုင်ကြောင်း သိရပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ