play

 

အိုင်အက်စ်စစ်သွေးကြွ ၆ဝ ကျော်ဟာ ဂျာမန်စစ်တပ်တွင်း ဝင်ရောက်နေတယ်လို့ သံသယရှိကြောင်း ဝန်ခံခဲ့ပြီးနောက် ဂျာမန်စစ်တပ်အရာရှိတွေက တပ်သားသစ်စုဆောင်းရာမှာ လုံခြုံရေးစစ်ဆေးမှုကို ပိုမိုတင်းကျပ်ဖိုပအတွက် နှိုးဆော်လိုက်ပါတယ်။

play

 

တပ်သားသစ်တွေကို အခြေခံလေ့ကျင့်ရေးသင်တန်းမပေးခင် မွတ်စလင်အစွန်းရောက်တွေရဲ့ သူလျှိုဟုတ်မဟုတ် သေချာစစ်ဆေးသင့်ကြောင်း အကြီးတန်းစစ်တပ်အရာရှိတွေက ပြောကြားလိုက်ပါတယ်။

play

 

ဂျာမနီနိုင်ငံကို တိုက်ခိုက်မယ်ဆိုရင် ဂျာမန်စစ်တပ်ရဲ့လေ့ကျင့်မှုကို အသုံးချနိုင်တဲ့အတွက် ဂျာမန်စစ်တပ်ကို အကြမ်းဖက်သမားတွေ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

play

 

"ဂျာမန်စစ်တပ်က တပ်သားတွေအားလုံးကို လက်နက်တွေ ကိုင်တွယ်အသုံးပြုပုံကို လေ့ကျင့်သင်ကြားပေးတယ်။ သူတို့နိုင်ငံ ဒါမှမဟုတ် တခြားနိုင်ငံတွေမှာ အကြမ်းဖက်ဖို့အတွက် စစ်တပ်ထဲဝင်ပြီး လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို ရယူတာ ဖြစ်နိုင်တယ်" လို့ သတင်းပေးတစ်ဦးက ပြောခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video