AD
AD
AD

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျန်မင် နက်တန်ယာဟူက အီရန်နိုင်ငံက နျူကလီးယားလက်နက်များ အကောင်အထည်ဖော်မှုကို အချိန်မရွေး ပြန်လည်စတင်နိုင်ကြောင်း သက်သေအထောက်အထားများ ရရှိထားကြောင်း ဧပြီ ၃၀ ရက် ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

play
အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူ ရှင်းလင်းပြောကြားစဉ်


အစ္စရေးရဲ့မဟာမိတ် အမေရိကန်က အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံများကြား ချုပ်ဆိုထားခဲ့ကြတဲ့ နျူကလီးယားအရေး သဘောတူညီမှုစာချုပ်ကနေ နုတ်ထွက်ရန် စဉ်းစားနေချိန်မှာ နက်တန်ယာဟူရဲ့ ယခု ပြောကြားမှုထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

အစ္စရေးက ရရှိထားပြီး ထောင်နဲ့ချီရှိတဲ့ စာရွက်စာတမ်းတွေအရ အီရန်နိုင်ငံက နျူကလီးယားလက်နက် အစီအစဉ်နဲ့ ပတ်သက်ပြီး ကမ္ဘာကို လိမ်ညာခဲ့ကြောင်း နက်တန်ယာဟူက ပြောပါတယ်။

play
အစ္စရေးက ရရှိထားသည့် အထောက်အထားများကို ရှင်းလင်ပြသစဉ်


အီရန်က ၂၀၁၅ ခုနှစ်အတွင်း နျူကလီးယားအစီအစဉ်ကို ဖျက်သိမ်းပြီး ၎င်းအပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေကို ပယ်ဖျက်စေခဲ့တဲ့ သဘောတူညီချက်ကို အမေရိကန် အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ လက်မှတ်ရေးထိုးထားခဲ့ပါတယ်။ အီရန်က နျူကလီးယားစွမ်းအင်ကဏ္ဍကိုသာ ဆက်လက် အကောင်အထည်ဖော်နေခဲ့တယ်လို့ ဆိုပါတယ်။

play
အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီ


သို့သော် အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူကတော့ အီရန်က ၂၀၀၃ ခုနှစ်အထိ လုပ်ဆောင်ခဲ့တဲ့ 'Project Amad' လို့ အမည်ပေးထားတဲ့ နျူကလီးယားလက်နက် အစီအစဉ်ကို ရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်းမှာလည်း နျူကလီးယားလက်နက်များ ထုတ်လုပ်နိုင်ရန် ဆက်လက် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း အစ္စရေးထောက်လှမ်းရေးတွေက အောင်မြင်စွာထောက်လှမ်းရရှိခဲ့တဲ့ အထောက်အထားတွေအရ အီရန်ရဲ့ နျူကလီးယားလက်နက် အကောင်အထည်ဖော်တဲ့နေရာကို တီဟီရန်မြို့တော် အပြင်ဘက်မှာရှိပြီး ပြင်ပမှကြည့်ပါက ပျက်စီးနေပုံပေါက်တဲ့ လျှို့ဝှက်အဆောက်အအုံသို့ ၂၀၁၇ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့တယ်လို့ နက်တန်ယာဟူက ဆိုပါတယ်။

play
အီရန်၏ Project Amad အကြောင်း နက်တန်ယာဟူ ရှင်းလင်းပြောကြားစဉ်


အစ္စရေးထောက်လှမ်းရေးက ရရှိထားတဲ့ အထောက်အထားတွေဟာ တန်ချိန်တစ်ဝက် အလေးချိန်ရှိကြောင်းလည်း ၎င်းက ပြောခဲ့ပါတယ်။ နက်တန်ယာဟူက ၎င်းရဲ့ ရုပ်မြင်သံကြားမိန့်ခွန်းအတွင်း အီရန်ရဲ့ နျူကလီးယားလက်နက် အစီအစဉ်နဲ့ ပတ်သက်တဲ့ အထောက်အထားတွေအဖြစ် စီဒီချပ်အများအပြားပါရှိတဲ့ စင်တစ်ခုနဲ့ စာရွက်စာတမ်း ဖိုင်တွဲစင်တစ်ခုကိုလည်း ပြသခဲ့ကြောင်း သိရပါတယ်။

play
ဖိုင်တွဲများနဲ့ စီဒီများကို ပြသနေစဉ်


"ဒီည အီရန်က သူ့ရဲ့ လျှို့ဝှက်နျူကလီးယားလက်နက် အစီအစဉ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက မသိအောင် ဖုံးကွယ်ထားတာကို ကျွန်တော်တို့ ဖော်ထုတ်သွားပါမယ်၊ အီရန်ရဲ့ လျှို့ဝှက် နျူကလီးယားဖိုင်တွေကို ကျွန်တော်တို့ ပြသွားပါမယ်" လို့ အစ္စရေးဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

အစ္စရေးက ထောက်လှမ်းရရှိထားတဲ့ အထောက်အထား အချက်အလက် အသေးစိတ်ကို အမေရိကန်နဲ့ အခြားနိုင်ငံတွေ၊ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA - International Atomic Energy Agency) တို့ကိုလည်း မျှဝေပေးအပ်သွားမယ်လို့ နက်တန်ယာဟူက ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD