AD
AD
AD

ဆီးရီးယားစစ်တပ်က လေယာဉ်ပစ်လက်နက်ဖြင့် ပစ်ခတ်မှုကြောင့် အစ္စရေးတိုက်လေယာဉ်တစ်စီး ဖေဖေါ်ဝါရီ ၁၀ ရက်မှာ ပျက်ကျခဲ့ကြောင်း သိရပါတယ်။ ဆီးရီးယားနိုင်ငံအတွင်းရှိ အီရန်ပစ်မှတ်တွေကို လေကြောင်းမှတိုက်ခိုက်ခဲ့ပြီးနောက် တိုက်လေယာဉ် ပစ်ခတ်ခံခဲ့ရတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

play


ပစ်ခတ်ခံရမှုကြောင့် တိုက်လေယာဉ်ပျက်ကျခဲ့မှုအတွင်း လေယာဉ်မှူးနှစ်ဦးလုံး ခုန်ထွက်နိုင်ခဲ့ပြီး လေထီးဖြင့် လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်ခံရတဲ့ တိုက်လေယာဉ်ဟာ အစ္စရေးမြောက်ပိုင်းမှာ ပျက်ကျခဲ့ပြီး လေယာဉ်မှူးနှစ်ဦးကို ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရပါတယ်။

play


ဆီးရီးယားနိုင်ငံပိုက်နက်ထဲမှ စေလွှတ်လိုက်တဲ့ အီရန် မောင်းသူမဲ့လေယာဉ်က အစ္စရေးပိုင်နက်အတွင်း ဖေဖေါ်ဝါရီ ၁၀ ရက် မနက်ပိုင်းမှာ ဝင်ရောက်လာခဲ့ပြီးနောက် အစ္စရေးလေတပ်မှ F-16 တိုက်လေယာဉ်ဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အီရန် မောင်းသူမဲ့လေယာဉ် မိမိတို့ပိုင်နက်အတွင်း ဝင်ရောက်လာမှုကို ကြားဖြတ်ဟန့်တားပြီး သိမ်းဆည်းနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

play


အစ္စရေးရဲ့ ရန်လိုမှုကြောင့် တိုက်လေယာဉ်ကို ပစ်ချခဲ့ကြောင်း ဆီးရီးယားအစိုးရသတင်းက ပြောခဲ့ပါတယ်။ အစ္စရေးမြောက်ပိုင်းနဲ့ ဂိုလန်ကုန်းမြင့်ဒေသမှာ ဆီးရီးယားက လေယာဉ်ပစ်လက်နက်ဖြင့် ပစ်ခတ်မှုတွေရှိနေတာကြောင့် အနီရောင် သတိပေးချက်ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

play


ဂျော်ဒန်နဲ့ ဆီးရီးယားနိုင်ငံတို့နဲ့ ထိစပ်နေတဲ့ အစ္စရေးနယ်စပ်မှာ ပေါက်ကွဲသံတွေနဲ့ ကျယ်လောင်တဲ့ လေယာဉ်ပျံသန်းမှု အသံတွေကို ကြားနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

နောက်ဆက်တွဲသတင်း - အစ္စရေးက ဆီးရီးယားကို ၁၉၈၂ နောက်ပိုင်း အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှု ဆင်နွှဲ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD