International News: တရုတ်နိုင်ငံက J-20 ကိုယ်ပျောက် တိုက်လေယာဉ်ကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ

ဂွမ်ဒေါင်းပြည်နယ် ဇူဟိုင်းမြို့မှာ ပြုလုပ်တဲ့ လေကြောင်းပြပွဲမှာ J-20 ကိုယ်ပျောက် တိုက်လေယာဉ်နှစ်စီးက စက္ကန့် ၆၀ ကြာ ပျံသန်းပြသခဲ့ပါတယ်။

play


တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ J-20 ကိုယ်ပျောက် တိုက်လေယာဉ်ကို ယနေ့ (နိုဝင်ဘာ ၁ ရက်) မှာ ပြုလုပ်တဲ့ ဇူဟိုင်း နိုင်ငံတကာလေကြောင်းပြပွဲမှာ ပထမဆုံးအကြိမ် အများပြည်သူကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဂွမ်ဒေါင်းပြည်နယ် ဇူဟိုင်းမြို့မှာ ပြုလုပ်တဲ့ လေကြောင်းပြပွဲမှာ J-20 ကိုယ်ပျောက် တိုက်လေယာဉ်နှစ်စီးက စက္ကန့် ၆၀ ကြာ ပျံသန်းပြသခဲ့ပါတယ်။

play


ယခင်က အဆိုပါ တိုက်လေယာဉ်ကို လေကြောင်းဆိုင်ရာ ဘလော့ရေးသားသူတွေကိုသာ ပြသခဲ့ဖူးးပါတယ်။ J-20 တိုက်လေယာဉ် အမျိုးအစားဟာ လေယာဉ်ဈေးကွက်နဲ့ ဝယ်သူတွေ အကြိုက်တွေ့စေမယ့် တရုတ်နိုင်ငံထုတ် တိုက်လေယာဉ်လည်း ဖြစ်ပါတယ်။

play


ဒါ့အပြင် တရုတ်စစ်တပ်ကို စွမ်းရည်မြှင့်တင်မှုရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ သမ္မတရှီကျင်းပင်က တရုတ်စစ်တပ်က ဒေသတွင်း အင်အား ပိုမိုခိုင်မာ တောင့်တင်းစေလိုပြီး အထူးသဖြင့် တောင်တရုတ်ပင်လယ်ပြင်နဲ့ အရှေ့တရုတ်ပင်လယ်ပြင်တို့မှာ သြဇာလွှမ်းမိုးလိုတာ ဖြစ်ပါတယ်။

play


J-20 ကိုယ်ပျောက် တိုက်လေယာဉ်ကို Aviation Industry Coprporation ရဲ့ လက်အောက်ခံ ကုမ္ပဏီ Chengdu Aircraft Industries Group က တည်ဆောက်ထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: Xinhua

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ