AD
AD
AD

ဂျပန်ရထားကုမ္ပဏီတစ်ခုက ၎င်းရဲ့ ရထားတစ်စင်း သတ်မှတ်ချိန်ထက် ၂၅ စက္ကန့်စောပြီး ဘူတာရုံမှ ထွက်ခွာခဲ့မိတာကြောင့် ရထားစီးခရီးသည်တွေကို တရားဝင် တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။

play


၂၅ စက္ကန့်မျှ ရထားစောထွက်ခဲ့မှုအတွက် သက်ဆိုင်ရာ West Japan Railway ရထားကုမ္ပဏီက 'ကျွန်တော်တို့ရဲ့ ရထားဝန်ဆောင်မှု အသုံးပြုသူတွေကို ကြီးမားတဲ့ အဆင်မပြေမှုဖြစ်စေခဲ့တာက တစ်ကယ့်ကို ခွင့်မလွှတ်နိုင်စရာပဲ ဖြစ်ပါတယ်' လို့ တောင်းပန်စာမှာ ဖော်ပြခဲ့ပါတယ်။

ရထားထွက်ခွာချိန် ၂၅ စက္ကန့် စောသွားခဲ့မှုအပေါ် ရထားစီးသူတွေက ဆိုရှယ်မီဒီယာမှာ ဝေဖန်ပြောဆိုမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ Japan Today သတင်းရဲ့ အဆိုအရ ရထားဟာ သောကြာနေ့ (မေလ ၁၁ ရက်) က Notogawa ဘူတာရုံမှထွက်ခွာရာမှာ ထွက်ခွာရာမှာ သတ်မှတ်ထားချိန်ထက် ၂၅ စက္ကန့်စောသွားခဲ့တယ်လို့ သိရပါတယ်။

play


ရထားတွဲတံခါးတွေကို တစ်မိနစ်မျှသာ စောပြီးပိတ်ခဲ့မှုဟာ ခရီးသည်တွေအတွက် အဆင်မပြေမှုတွေ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ ရထားဟာ စတင်ထွက်ခွာချိန်မှာ သတ်မှတ်ထားတာထက် ၂၅ စက္ကန့်မျှ စောသွားခဲ့ကြောင်း သိရပါတယ်။

play


ဂျပန်နိုင်ငံမှ ရထားတွေဟာ ထွက်ခွာချိန် ဆိုက်ရောက်ချိန် အလွန်တိကျမှုကြောင့် ဂုဏ်သတင်းကောင်းကို ပိုင်ဆိုင်ထားပါတယ်။ ယခု ရထားဟာ သတ်မှတ်ချက်ထက် ၂၅ စက္ကန့်စောပြီး ထွက်ခွာသွားမှုအပေါ် ခရီးသည်တွေက ရထားကုမ္ပဏီထံ တိုင်ကြားခဲ့ကြရာ ကုမ္ပဏီက ချက်ချင်းဆိုသလိုပင် တရားဝင် တောင်းပန်းစာထုတ်ပြန်ခဲ့ပါတယ်။

ဂျပန်ရထားတစ်စင်း အချိန်စောထွက်ခွာမှုဟာဟာ လပိုင်းအတွင်း ဒုတိယအကြိမ်လည်း ဖြစ်ခဲ့ပါတယ်။ ယမန်နှစ် နိုဝင်ဘာလအတွင်းကလည်း ဂျပန်ရထားတစ်စင်း ထွက်ခွာချိန် စက္ကန့် ၂၀ မျှ စောသွားခဲ့မှုအတွက် Tsukuba Express ရထားကုမ္ပဏီက တရားဝင်တောင်းပန်စာ ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD