AD
AD
AD
play


အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့ရှိ ဂျွန်အက်ဖ်ကနေဒီ (JFK) လေဆိပ်မှာ သေနတ်နဲ့ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သတင်းရလို့ ရဲတပ်ဖွဲ့ဝင်တွေက ပြည်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။

play


ဒေသစံတော်ချိန် တနင်္ဂနွေည ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က လေဆိပ်ထွက်ခွာဆောင် အမှတ် ၈ မှာ ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းလက်ခံရရှိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ပစ်ခတ်မှုသတင်းကြောင့် ထွက်ခွာဆောင် အမှတ် ၁ ကိုပါ ထပ်မံပိတ်လိုက်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

play


ည ၁၁ နာရီ ၃၀ မတိုင်မီထိ ပျံသန်းထွက်ခွာမယ့် ပြည်တွင်းလေကြောင်းခရီးစဉ်တွေကိုလည်း လုံခြုံရေးအခြေအနေအရ ဆိုင်းငံ့ထားပါတယ်။ ထပ်မံသိရှိတဲ့ သတင်းများအရ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီးနောက် လေဆိပ်အတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ အထောက်အထား မတွေ့ရဘဲ ဒဏ်ရာရရှိသူလည်း မရှိကြောင်း သိရပါတယ်။

Source : AP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD