AD
AD
AD

ကယ်လီဖိုးနီးပြည်နယ် ရဲတပ်ဖွဲ့က ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်လွန် နှစ်များအတွင်း အမေရိကန်မှာ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့တဲ့ ဆက်တိုက် လူသတ်မှုများ၊ မုဒိမ်းမှုများနဲ့ ဖောက်ထွင်းမှုများအတွက် ရဲအရာရှိဟောင်းတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

play
အသတ်ခံခဲ့ရသူများ


Sacramento မြို့ ရဲတပ်ဖွဲ့က အသက် ၇၂ နှစ်အရွယ် ရဲအရာရှိဟောင်း ဂျိုးဆက်ဂျိမ်းစ် ဒီအန်ဂျလို (Joseph James DeAngelo) ကို ဖမ်းဆီးလိုက်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

ရဲအရာရှိဟောင်း ဂျိုးဆက်ဟာ Sacramento မြို့ ဧရိယာအတွင်း နေထိုင်လျက်ရှိပြီး အမှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု အသစ်များလုပ်ဆောင်ခဲ့ပြီးနောက် ၎င်းကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ အမှုလိုက်အရာရှိတွေက ပြောပါတယ်။

Golden State Killer လို့ ခေါ်ဝေါ်ကြတဲ့ ဂျိုးဆက်ဟာ လူသတ်မှု ၁၂ မှု၊ မုဒိမ်းမှု ၅၁ မှုနဲ့ ဖောက်ထွင်းမှု ၁၂၀ ကျော်တို့ကို ကျူးလွန်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချထားပါတယ်။

play
ဂျိုးဆက်၏ လက်ရှိပုံကို တွေ့ရစဉ်


လက်ရှိအချိန်ထိ ဂျိုးဆက်ကို ၁၉၇၈ ခုနှစ်အတွင်း Sacramento မှာ ဘရိုင်ယန်နဲ့ ကေတီ၊ ၁၉၈၀ ပြည့်နှစ်အတွင်း Ventura County မှာချာလင်နီနဲ့ လိုင်မန်စမစ်သ်တို့ကို သတ်ခဲ့မှုဖြင့် ဖမ်းဆီးစွဲချက်တင်ထားတယ်လို့ ဆိုပါတယ်။

၎င်းကို နောက်ထပ်အမှုတွေအတွက်လည်း စွဲချက်တင်သွားမယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့က ဂျိုးဆက်ကို စောင့်ကြည့်ထောက်လှမ်းခဲ့ပြီး DNA တိုက်ဆိုင်စစ်ဆေးမှုတွေလည်း လုပ်ဆောင်ခဲ့ကြောင်း Sacramento ရဲတပ်ဖွဲ့အကြီးအကဲ စကော့တ်ဂျုံးစ်က ပြောခဲ့ပါတယ်။

play
လူသတ်မှု၊ မုဒိမ်းမှုများ ဖြစ်ပွားခဲ့စဉ်က သတင်းပေးရန် ထုတ်ပြန်ထားမှု


ဂျိုးဆက်ကို ဖမ်းဆီးနိုင်ခဲ့ခြင်းက Sacramento မှာ နှစ်ပေါင်း ၅၀ ကြာ မဖြေရှင်းနိုင်သေးတဲ့ အမှုတွေကို ဖော်ထုတ်ဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ ဂျိုးဆက်ကို ၎င်းကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် သေဒဏ်ချမှတ်နိုင်ရန် ရှေ့နေတွေက ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

ယခုအမှုကို ဖော်ထုတ်နိုင်ရန် ကူညီပေးသူအား အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဆုငွေပေးအပ်မယ်လို့ FBI က လွန်ခဲ့တဲ့ ၂ နှစ်မှာ ကြေညာခဲ့ဖူးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD