International News: ကြော်ငြာထဲကလို ကြက်သားကြော်မများလို့ KFC ကို တရားစွဲမယ့် အမျိုးသမီး

, updated

ဒေါ်လာ သိန်း ၂၀၀ လျော်ကြေးတောင်းမယ်လို့ ဆိုပါတယ်။

play

 

နယူးယော့ခ်မှာ နေထိုင်တဲ့ အန်နာဝါ့စ်ဘာဂါဟာ ဒေါ်လာ ၂၀ တန် (Family Bucket) ကြက်သားပုံးကို ဝယ်ယူခဲ့ရာ KFC ကြော်ငြာထဲကလို ကြက်သားတုံးတွေ အပြည့်မပါတဲ့အတွက် တရားစွဲမှာဖြစ်ပြီး လျော်ကြေး ဒေါ်လာ သိန်းနှစ်ရာ တောင်းမယ်လို့ ဆိုပါတယ်။

"ကျွန်မ အိမ်ပြန်ရောက်တော့ ကြက်သားတွေ ဘယ်ရောက်ကုန်တာလဲလို့ ပြောမိတယ်။ နှစ်နပ်စာလောက်တော့ စားရမယ် ထင်ထားတာ" လို့ သူမက ဆိုပါတယ်။

"ပုံးရဲ့တစ်ဝက်ပဲပါတယ်။ ကြော်ငြာထဲကနဲ့ တခြားစီပဲ။ မိသားစုတစ်စုလုံး ဘယ်လိုမှ စားလို့မရဘူး။ အတုံးလေးတွေကလည်း သေးသေးလေးရယ်" လို့ အန်နာဝါ့စ်က မကျေမနပ်ဆိုပါတယ်။

ဒေါသထွက်နေတဲ့ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးဟာ ဂျော်ဂျီယာမျာရှိတဲ့ KFC ရုံးချုပ်ကို ဖုန်းဆက်ပြီး မေးမြန်းရာ ကြော်ငြာထဲမှာက လူတွေမြင်ရအောင် ပြသထားတာ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။

play

 

ဒါပေမဲ့ သူမက အဲဒါကို လုံးဝ လက်မခံနိုင်ပါဘူး။

"ကြက်သားတုံးကို လူတွေမြင်စေချင်ရင် ပန်းကန်ထဲ ထည့်ပြလေ။ နည်းလမ်းတွေမှ အများကြီးပဲ။ ပြောတဲ့အတိုင်းပဲ ရမယ် ထင်တာပေါ့" လို့ သူမက မကျေမနပ်ဆိုပါတယ်။

ဒါကြောင့် သူမဟာ ရှေ့နေငှား တရားစွဲကာ KFC ရဲ့ကြော်ငြာကို ပြောင်းခိုင်းဖို့ လုပ်နေပါတယ်။

ကုမ္ပဏီက လျော်ကြေးအနေနဲ့ပေးတဲ့ လက်ဆောင်ကတ်နှစ်ခုကိုလည်း သူမက ပြန်ပေးပြီး သူမအတွက် နစ်နာကြေး ဒေါ်လာ သိန်းနှစ်ရာလည်း တောင်းဦးမှာပါ။

"'ဒီစွဲချက်တွေက အဓိပ္ပာယ်မရှိပါဘူး။ ဒီအမှုကို ပလပ်ဖို့ တရားရုံးကို တောင်းဆိုသွားမှာပါ" လို့ KFC ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ