AD
AD
AD

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ရန်စီစဉ်ထားတဲ့ စင်ကာပူကို ကင်မ်ဂျုံအန်များ ရောက်လာခဲ့ပြီလားလို့ စင်ကာပူနိုင်ငံသားတွေ ရုတ်တရက်တော့ အံ့အားသင့်သွားခဲ့ကြရပါတယ်။

play
ကင်မ်ဂျုံအန်နဲ့ပုံစံတူအောင် ပြင်ဆင်ထားသည့် ဟောင်းဝပ်


ယနေ့ (မေလ ၂၇ ရက်) မှာ စင်ကာပူ Marina Bay Sands ဟိုတယ်အနီး ဆံပင်ကို သေသေပ်သပ်ဖြီးထားကာ အနက်ရောင်ဝတ်စုံနဲ့ ဝဝဖိုင့်ဖိုင့် လူတစ်ဦးကို ထိုနေရာပတ်ဝန်းကျင်မှာ ရှိနေခဲ့သူတွေ တွေ့ခဲ့ကြရပြီး ရုတ်တရက်တော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်အဖြစ် ထင်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

သို့သော် ထိုပုဂ္ဂိုလ်ဟာ ကင်မ်ဂျုံအန်မဟုတ်ဘဲ ကင်မ်ဂျုံအန်ပုံစံဖမ်းကာ အပျော်သဘော ဖျော်ဖြေတတ်သူ ဖြစ်တယ်လို့ နောက်ပိုင်းမှာ သိသွားခဲ့ကြပါတယ်။

play
Marina Bay Sands ဟိုတယ် ခပ်တည်တည် လျှောက်သွားနေသည့် ဟောင်းဝပ်


"သူက တစ်ကယ့် ကင်မ်ဂျုံအန်နဲ့ ရုတ်တရက်ကြည့်လိုက်ရင် တူနေတယ်လေ၊ နောက်တော့မှ သူက ကင်မ်ဂျုံအန်အစစ်မဟုတ်ဘူးလို့ သိသွားခဲ့တာ" လို့ အိန္ဒိယနိုင်ငံက မွမ်ဘိုင်းမြို့ကနေ စင်ကာပူကို အလည်အပတ်ရောက်နေသူ Sagar Admuthe က ပြောပါတယ်။ ၎င်းက ကင်မ်ဂျုံအန်ပုံစံဖမ်းထားတဲ့ အဆိုပါ ပုဂ္ဂိုလ်နဲ့အတူ ဆယ်လ်ဖီရိုက်ခဲ့ပါသေးတယ်။

play
ကလေးငယ်တစ်ဦးနဲ့အတူ ဓာတ်ပုံအရိုက်ခံနေသည့် ကင်မ်ပုံစံတူ ဟောင်းဝပ်


ကင်မ်ဂျုံအန်ပုံစံဖမ်းထားတဲ့ သြစတြေးလျ-တရုတ်ကပြားအမျိုးသား  ဟောင်းဝပ်အိတ်စ်က မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ကင်မ်ဂျုံအန်နဲ့ဒေါ်နယ်ထရန့် ထိပ်သီးဆွေးနွေးပွဲ အောင်မြင်ဖြစ်မြောက်စေကြောင်း ဆုတောင်းပေးရန် စင်ကာပူကိုရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

play


ကင်မ်ဂျုံအန်ပုံဖမ်းထားတဲ့ ဟောင်းဝပ်ဟာ ဖေဖေါ်ဝါရီလအတွင်း တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲကိုလည်း အမေရိကန်သမ္မတထရန့် ပုံစံဖမ်းထားသူနဲ့ အတူတကွ ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။ ထိုစဉ်ကလည်း အိုလံပစ်ပွဲကို လာရောက်ကြတဲ့ ပရိသတ်တွေက ၎င်းတို့နှစ်ဦးကို သဘောကျခဲ့ကြပါတယ်။

play
ရုတ်တရက် အံ့အားသင့်သွားတဲ့ လူတွေကို နှုက်ဆက်နေသည့် ကင်မ်ပုံစံဖမ်းသူ ဟောင်းဝပ်


စင်ကာပူကိုရောက်လာပြီး လူတွေကိုအငိုက်ဖမ်းခဲ့တဲ့ ကင်မ်ဂျုံအန်ပုံစံတူ ဟောင်းဝပ်က "ခေါင်းဆောင်နှစ်ဦး မျက်နှာချင်းဆိုင်ထိုင်ပြီး တွေ့ဆုံဆွေးနွေးကြမယ့် တစ်ကယ်အချိန်ကောင်း ဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့က ပင်ကိုယ်စရိုက်နဲ့ ထူးထူးခြားခြား ပင်ကိုယ်အရည်အသွေးတွေ တူကြတယ်လေ၊ ဒီ တွေ့ဆုံဆွေးနွေးပွဲပြီးရင် သူတို့က အခင်ဆုံး သူငယ်ချင်းတွေတောင် ဖြစ်လာနိုင်သေး" လို့ ပြောသွားခဲ့ပါတယ်။

play


မြောက်ကိုရီးယားနဲ့ အမေရိကန် ခေါင်းဆောင်နှစ်ဦးရဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို စင်ကာပူမှာ လာမယ့် ဇွန်လ ၁၂ ရက်နေ့ ပြုလုပ်သွားရန်စီစဉ်ထားပါတယ်။ မေလ ၂၄ ရက်မှာ အဆိုပါ ထိပ်သီးဆွေးနွေးပွဲ အစီအစဉ်ကို ဖျက်သိမ်းကြောင်း အမေရိကန်သမ္မတထရန့်က ကြေညာခဲ့ပါသေးတယ်။

play
ဒေါ်နယ်ထရန့်နှင့် ကင်မ်ဂျုံအန်


သို့သော် နောက်တစ်ရက်မှာပင် မြောက်ရီးယားဘက်က ထိပ်သီးဆွေးနွေးပွဲ ပျက်ပြယ်ရခြင်းကို အလွန်ဝမ်းနည်းကြောင်းနဲ့ အမေရိကန်နဲ့ အချိန်မရွေး တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့ရာ ထရန့်ကလည်း ကင်မ်ဂျုံအန်နဲ့ ထိပ်သီးဆွေးနွေးပွဲဟာ စီစဉ်ထားတဲ့အတိုင်း ဖြစ်မြောက်လာနိုင်သေးတယ်လို့ ပြောင်းလဲပြောကြားခဲ့ပါတယ်။

play
ကင်မ်ဂျုံအန်နဲ့ မွန်ဂျေအင်း မေလ ၂၆ ရက်မှာ တွေ့ဆုံစဉ်


ဒါ့အပြင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကလည်း နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်အတွင်း မြောက်ကိုးရီးယားဘက်ကိုသွားရောက်ပြီး ကင်မ်ဂျုံအန်နဲ့ တွေ့ဆုံဆွေးနွေးကာ ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ပါသေးတယ်။

ယမန်နေ့ (မေလ ၂၆ ရက်) ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးမှုဟာ ရက် ၃၀ အတွင်း ဒုတိယအကြိမ်လည်း ဖြစ်ခဲ့ပါတယ်။

play


ထိုသို့ တွေ့ဆုံခဲ့ရာမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က အမေရိကန်သမ္မတထရန့်နဲ့ ထိပ်သီးဆွေးနွေးပွဲဟာ နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့နေတဲ့သမိုင်းကို အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့တယ်လို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကဆိုပါတယ်။

နောက်ဆုံးသတင်းတွေအရ အမေရိကန်အစိုးရတာဝန်ရှိသူတွေ ပါဝင်တဲ့အဖွဲ့နှစ်ဖွဲ့က ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်ရန် စင်ကာပူနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ကို အသီးသီး ထွက်ခွာသွားရောက်ကြပြီလို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD