AD
AD
AD

ဖိလစ်ပိုင်အိမ်အကူ အမျိုးသမီးကိုသတ်မှုဖြင့် ကူဝိတ်နိုင်ငံ တရားရုံးတစ်ရုံးက လင်မယားနှစ်ဦးအား သေဒဏ်ချမှတ်လိုက်ကြောင်း သိရပါတယ်။ လက်ဘနွန်အမျိုးသားနဲ့ ၎င်းရဲ့ဇနီး ဆီးရီးယားနိုင်ငံသူတို့ကို ကူဝိတ်တရားရုံးက မျက်ကွယ်သေဒဏ်ချမှတ်လိုက်ကြောင်း ကူဝိတ်သတင်းစာတွေက ဧပြီ ၁ ရက်မှာ သတင်းဖော်ပြထားပါတယ်။

play
အိမ်အကူ ဖိလစ်ပိုင်အမျိုးသမီး ဂျိုအန်နာ ဒီမာဖီလစ်


အဆိုပါ လင်မယားနှစ်ဦးက အိမ်အကူ ဖိလစ်ပိုင်အမျိုးသမီး ဂျိုအန်နာ ဒီမာဖီလစ်ရဲ့ အလောင်းကို ၎င်းတို့ နေထိုင်ခြင်းမပြုတော့တဲ့ တိုက်ခန်းရှိ ရေခဲသေတ္တာအတွင်း စွန့်ပစ်ထားခဲ့ကြပါတယ်။ အသက် ၂၉ နှစ်အရွယ် အိမ်အကူအမျိုးသမီးရဲ့ အလောင်းကို အသတ်ခံရပြီး တစ်နှစ်ကျော်အကြာ ယခုနှစ် ဖေဖေါ်ဝါရီ ၆ ရက်မှာ ရှာဖွေတွေ့ရှိခဲ့ကြကြောင်းလည်း သိရပါတယ်။

play
သေဒဏ်ချမှတ်ခံရသည့် လင်မယားနှင့် ဖိလစ်ပိုင်အိမ်အကူ အမျိုးသမီး


ဖိလစ်ပိုင်အိမ်အကူဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာလကတည်းက ပျောက်ဆုံးနေခဲ့တယ်လို့ ဆိုပါတယ်။ အိမ်အကူအမျိုးသမီး သေဆုံးမှုနဲ့ပတ်သက်ပြီး ကူဝိတ်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး တင်းမာမှုတွေလည်း ဖြစ်ခဲ့ပါတယ်။

ဖိလစ်ပိုင်အစိုးရက ကူဝိတ်သို့ ဖိလစ်ပိုင်လူမျိုးများ သွားရောက်အလုပ်လုပ်မှုကို တားမြစ်ပိတ်ပတ်မှုခဲ့ပါတယ်။ ဖိလစ်ပိုင် အိမ်အကူသေဆုံးမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့ပြီးနောက် အဆိုပါ လင်မယားကို ဆီးရီးယားနိုင်ငံမှာ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။

play
အိမ်အကူအမျိုးသမီးရဲ့အလောင်းနဲ့အတူ ငိုကြွေးနေသည့် ညီအစ်မတော်စပ်သူ


ထို့နောက် ဆီးရီးယားအစိုးရက ခင်ပွန်းဖြစ်သူ နက်ဒါအက်ဆမ် အာဆတ်ဖ်ကို ၎င်းရဲ့မိခင်နိုင်ငံ လက်ဘနွန်သို့ လွှဲပြောင်းပေးခဲ့ပါတယ်။ ယခု တရားရုံးအမိန့်ချမှတ်ခဲ့ပြီးနောက် ၎င်းကို ပြန်လည်လွှဲပြောင်းပေးရန် ကူဝိတ်က တောင်းဆိုလာနိုင်ကြောင်းလည်း သိရပါတယ်။

အာဆတ်ဖ်ရဲ့ဇနီး ဆီးရီးယားသူမွန်နာကိုတော့ ဒမတ်စကက်မြို့မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဂျိုအန်နာရဲ့ အလောင်းကို တွေ့ရှိခဲ့ရပြီးနောက်ပိုင်း ကူဝိတ်မှာ အခက်အခဲဖြစ်နေတဲ့ ဖိလစ်ပိုင်အလုပ်သမား ၁,၀၀၀ ကျော်ကို ပြန်လည်ခေါ်ယူခဲ့တယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ဆိုပါတယ်။

play
ဂျိုအန်နာ ဒီမာဖီလစ် သေဆုံးမှုကို ဖိလစ်ပိုင်မှာ ဆန္ဒပြနေစဉ်


ဖိလစ်ပိုင်အစိုးရက ပြန်လည်ခေါ်ယူခဲ့တဲ့ အလုပ်သမားအများစုဟာ အိမ်အကူများ ဖြစ်ကြပါတယ်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ခန့်မှန်းမှုများအရ ကူဝိတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ၎င်းနိုင်ငံသား ၂၅၂,၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD